အပိုင်း (၃) ပြိုင်ပွဲ

1.2K 97 0
                                        

အပိုင်း (၃) ပြိုင်ပွဲ

ကျီယွင်ဟယ် ပင်မလီဖုန်းခန်းမထဲ ဝင်ရောက်လာချင်းပဲ မျက်လွှာချထားတဲ့တောင်ကြားသခင်ဟောင်းရဲ့ ဘေးမှာမတ်တပ်ရပ်လျက်ရှိနေတဲ့ လင်းဟောက်ချင်းကို လှမ်းမြင်လိုက်ရကတည်းက သူမအတွက် ကောင်းကျိုးတစ်စုံတစ်ရာမရှိဘူးဆိုတာ သိလို့နေပြီ။

“တောင်ကြားသခင်” ကျီယွင်ဟယ် ဦးညွှတ်ဂါရဝပြုလိုက်တယ်။ လင်းချန်းလန်တစ်ယောက် နဖူးရည်တွန့်တွေ ပြည့်နှက်နေတဲ့မျက်နှာနှင့် အိုမင်းမစွမ်းပုံပေါ်နေပေမဲ့ ထိုနဖူးရည်တွန့်လေးများကြားမှ မျက်ဝန်းတစ်စုံကတော့ သိမ်းဌက်တစ်ကောင်လို စူးရှကာခြိမ်းခြောက်နိုင်စွမ်းရှိနေတုန်းပဲ။

“ယွင်ဟယ်ရောက်လာပြီပဲ” လင်းချန်းလန် ချောင်းခဏဟန့်ပြီးနောက် သူမကို ရှေ့တိုးလာဖို့ ခေါ်လေသည်။ “ယွင်ဟယ် ဘာလို့များနောက်ကျနေရတာလဲ?”

ကျီယွင်ဟယ် ရှေ့သို့တလေးတစားတိုးလျှောက်သွား၏။ “မိစ္ဆာကောင်လေးတစ်ချို့ကို လွန်ခဲ့တဲ့ရက်ပိုင်းကပဲ သွန်သင်ပေးပြီး ပြန်လွှတ်လိုက်ပါပြီ အခုတော့ ကျွန်မရဲ့လက်အောက်မှာရှိနေတဲ့ မိစ္ဆာဆရာတွေကို သင်ကြားပြသရင်း နည်းလမ်းတွေပေးနေတာပါ”

လင်းချန်းလန် ခေါင်းညိမ့်ပြလာတယ်။ “တယ်တော်တဲ့ကောင်မလေးပဲ တောင်ကြားအတွက်ဆို မင်း အမြဲတမ်း အကောင်းဆုံးဆောင်ရွက်ပေးတယ်” ရွတ်တွနေတဲ့သူ့ရဲ့လက်ချောင်းလေးတွေကို ဆန့်ထုတ်ပြီး ကျီယွင်ဟယ်၏လက်ကိုကိုင်ကာ ပုတ်ပေး၏။ “မင်း အတော်လေးပင်ပန်းနေပြီပဲ”

“ဒါက ကျွန်မရဲ့တာဝန်ပါ” ကျီယွင်ဟယ် ခေါင်းကိုငုံ့ပြီး နောက်တစ်ကြိမ် ဂါရဝပြုလိုက်တယ်။

လင်းဟောက်ချင်းရဲ့မျက်လုံးတစ်စုံဟာ အနည်းငယ်တိမ်းစောင်းလို့သွားပြီး ကျီယွင်ဟယ်၏မျက်နှာပေါ် တစ်ချက်မျှ အကြည့်ရောက်လာခဲ့တယ်။

လင်းချန်းလန်တစ်ယောက်ကတော့ လွန်စွာမှကျေနပ်စွာနှင့် ခေါင်းတညိမ့်ညိမ့်ဖြစ်ပြီးတဲ့နောက် တိုးလျတဲ့အသံနဲ့ ဆိုလေသည်၊ “ငါတို့ရဲ့မိစ္ဆာတောင်ကြားထဲကိုဝင်ရောက်ကြမယ့် စွမ်းဆောင်ရည်အရှိဆုံးသူတွေအားလုံးကို ငါစုစည်းပြီးသွားပြီ ဘုရင်မင်းမြတ်ကောင်းဇူရဲ့ကောင်းမှုကြောင့် ငါတို့တွေ ဒီအနောက်တောင်ဘက်မှာ မိစ္ဆာမျိုးနွယ်တွေကိုအုပ်ချုပ်ဖို့ ခွင့်ပြုချက်ရခဲ့ပြီး အေးချမ်းသာယာတဲ့ဘဝမှာနေထိုင်ခဲ့ရတာ အခု မင်းသမီးဆွန်းသဲက စွမ်းအားမြင့်မားတဲ့မိစ္ဆာကိုယဉ်ပါးအောင်သွန်သင်ရာမှာ ငါတို့ဆီ အကူအညီ တောင်းခံလာခဲ့တယ် ဒါက အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်သလို တော်ဝင်လက်ဆောင်ပဏ္ဍာတစ်ခုလည်း ဖြစ်တယ် ငါတို့ ကျဆုံးလို့မရဘူး”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now