အပိုင်း (၂၈) နာတယ်ကျီယွင်ဟယ် မိစ္ဆာတောင်ကြားမှာ ဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကို လော့ကျင်းစန်းအား ပြန်လည်ပြောပြခဲ့တယ်။
လော့ကျင်းစန်း တိတ်ဆိတ်စွာနားထောင်နေ၏။
"ငါ့ကိုခွင့်လွှတ်ပါ ယွင်ဟယ်၊ ငါ နင့်ကိုဆေးကူခိုးပေးရတာ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဒီငါးကြီးကိုခိုးဖို့က... သူက အရမ်းကိုကြီးလွန်းတယ်လေ!"
ကျီယွင်ဟယ်လည်း လော့ကျင်းစန်းကို ချန်ယီအားခိုးထုတ်စေဖို့ မရည်ရွယ်ခဲ့ဘူး။ အဲ့ဒါက မဖြစ်နိုင်တဲ့အလုပ်ဆိုတာ သူမ သိပြီးသားပါ။
သူမ သူ့ကိုဘယ်လိုခေါ်ထုတ်ရမလဲ မသိတော့ဘူး။
"ယွင်ဟယ် နင် ဘာလုိ့ လင်းဟောက်ချင်းနဲ့မပူးပေါင်းတာလဲ? တကယ်လို့ နင်တို့နှစ်ယောက် လင်းချန်းလန်ကို သတ်ပစ်နိုင်မယ်ဆိုရင် နင်လည်း ဖြေဆေးကို အေးအေးဆေးဆေးရှာလို့ရပြီ ဒါ့အပြင် လင်းဟောက်ချင်းကလည်း နင့်ကို လွတ်လပ်မှုပေးမယ်လို့ ကတိပေးထားပြီးသားလေ"
ကျီယွင်ဟယ် ခေါင်းခါလိုက်တယ်။ "အဲ့ဒါက အရမ်းအန္တရာယ်များတယ်၊ ပထမတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် လင်းဟောက်ချင်း အဲ့လောက်စွမ်းဆောင်ရည်ရှိပါ့မလား ငါမသိဘူး၊ နောက်တစ်ခုကတော့... အခုချိန်မှာ လင်းဟောက်ချင်းက ဘယ်လိုလူစားမျိုးမှန်း ငါ မပြောနိုင်သေးဘူး"
"နင် ဘာကိုဆိုလိုတာလဲ?"
ကျီယွင်ဟယ် လော့ကျင်းစန်းကိုကြည့်ပြီး ရယ်မောလိုက်သည်။ "အားလုံးထဲမှာ ပထမဆုံးအချက်က လင်းချန်းလန်ကိုတိုက်ခိုက်ဖို့ သူ ငါ့ကိုလှည့်စားနေတာ ဖြစ်နိုင်တယ်၊ ဒါမှ သူတစ်ယောက်တည်း ဘေးမှာ ရပ်ကြည့်နေနိုင်မယ်လေ၊ အဲ့ဒီနောက် လင်းချန်းလန်က ငါ့ရဲ့သစ္စာဖောက်မှုတွေကိုသိသွားပြီး ငါ့ကိုရှင်းပစ်လိမ့်မယ်၊ ဒုတိယအချက်၊ သူ တကယ်ပဲလင်းချန်းလန်ကို သတ်နိုင်မယ်ဆိုရင်တောင်မှ ငါ့ကိုလွှတ်ပေးမယ်ဆိုတဲ့ကတိကို သူတည်ပါ့မလားဆိုတာ အာမခံချက်မရှိသေးဘူး တကယ်လို့ သူက သူ့အဖေရင်းကိုတောင်မှ သတ်ပစ်နိုင်တယ်ဆိုရင် ငါ့ကိုသတ်ဖို့ကိုရော ဘယ်အရာကများ တားဆီးပေးမှာလဲ?"
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
Viễn tưởngThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...