အပိုင်း (၈၆) ရုပ်ပြောင်းရုပ်လွှဲ

412 47 3
                                    

အပိုင်း (၈၆) ရုပ်ပြောင်းရုပ်လွှဲ

မတ်လ၌... တောင်ပိုင်းတွင် နွေဦးပန်းလေးတွေ ဖူးပွင့်ဝေဆာနေနှင့်ပြီဖြစ်သော်လည်း မြောက်ပိုင်းမှာတော့ မခံမရပ်နိုင်အောင် အေးနေမြဲဖြစ်သည်။

လရောင်အောက်က အေးခဲနေတဲ့ရေကန်ပြင်ကြီးထက်မှာ... အနက်ရောင်ဝတ်ရုံနဲ့အမျိုးသားဟာ တဟူးဟူးတိုက်ခတ်နေတဲ့လေပြင်းတွေကြားမှာ မတ်မတ်ရပ်နေခဲ့သည်။

သူက တိတ်ဆိတ်ပြီးငြိမ်သက်နေခဲ့တယ်။ သူ့ရဲ့ငွေရောင်ဆံနွယ်ရှည်ကြီးတွေနဲ့ အနက်ရောင်ဝတ်ရုံလေးတို့ လေထဲမှာ လွင့်မျောနေတာကြောင့်သာမဟုတ်ရင် သူလည်းပဲ အေးခဲသွားပြီလို့ ထင်မိကြမှာ။

လမင်းကြီး ဖြည်းဖြည်းချင်းမှေးမှိန်သွားတဲ့အချိန်မှာ နောက်ဆုံးတော့ သူ့ရဲ့နှုတ်ခမ်းသားလေးတွေ လှုပ်ဟလာခဲ့တယ်။ "တစ်စုံတစ်ယောက် မင်းပြောတဲ့အတိုင်း ပြောလာခဲ့တယ်၊ သူ့ရဲ့နာမည်ကလည်း မင်းနဲ့ဆင်တယ်၊ ငါ မှားတယ်လို့ သူပြောခဲ့တယ်" သူ စကားစရပ်ပြီး ခြေဖဝါးအောက်ကရေခဲလွှာကို ငုံ့ကာကြည့်လိုက်သည်။ "ငါမှားနေတာ အမှန်ပဲ"

လွန်ခဲ့တဲ့၆နှစ်အကြာ သူ မြောက်ပိုင်းကိုရောက်လာကတည်းက မှားနေခဲ့တာ။

အဲ့ဒီထက် ပိုစောရင်တောင် စောနိုင်သေးတယ်။ မိစ္ဆာတောင်ကြားမှာ သူ ကျီယွင်ဟယ့်ကို စတွေ့ခဲ့ပြီး ထောင့်၁၀ထောင့်ဖွဲ့စည်းပုံထဲမှာ သူမနဲ့အတူ ချောက်ကမ်းပါးထဲကို ခုန်ဝင်လိုက်တဲ့အချိန်တည်းက မှားနေခဲ့တာ။ ဒါတွေထက်... ဧရာမလှိုင်းလုံးကြီးတွေကြားမှာ ဆွန်းသဲလို့ခေါ်တဲ့မင်းသမီးတစ်ပါးကို သူ ဘယ်တော့မှ မကယ်ခဲ့သင့်ဘူး။

ဒါက လူ့လောကထဲက အဆုံးမသတ်နိုင်တဲ့ရန်ပွဲတစ်ခုပဲ၊ ဒါက သူနဲ့ ဘာမှမဆိုင်ဘူးလေ။

သို့သော်...

သူ လှည့်ထွက်သွားလိုက်သည်။

"အို ကောင်းပြီ"

သူ့ရဲ့အသံနဲ့ ပုံရိပ်လေးက နှင်းတွေနဲ့ လေတွေထဲမှာ ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားတယ်။

...

သေအံဆဲဆဲအတွေ့အကြံုံကို လက်တွေ့ခံစားပြီးတဲ့နောက် သူမနဲ့ ကျီနင်တို့ မြောက်ပိုင်းကနေ ချက်ချင်းထွက်သွားသင့်တယ်လို့ အားကျီ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီနောက်မှ သူမ သူ့ကိုထားရစ်ခဲ့ဖို့ အခွင့်ရေးကောင်းရှာပြီး လူ့လောကကြီးထဲက သူမရဲ့ကိုယ်ပိုင်အေးချမ်းမှုနဲ့ နိဗ္ဗာန်ဘုံလေး သူမ ဆက်ကာရှာဖွေတော့မယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now