အပိုင်း (၁၂) အမြီးကြီးနဲ့ငါး

838 96 0
                                        

အပိုင်း(၁၂) အမြီးကြီးနဲ့ငါး

မိစ္ဆာဆရာတွေနဲ့ ကျောက်စိမ်းဖီးနစ်ဌက်ကြီးတို့ တိုက်ပွဲထဲမှာ အလုပ်ရှုပ်နေကြသည်။ ကွဲပြားခြားနားတဲ့ မှော်ဝင်လက်နက်တွေက လေထဲမှာ တလက်လက်ဝင်းလက်လို့နေပြီး ကျီယွင်ဟယ်နဲ့ ချွီးရှောင်ရှင်းကို ဘယ်သူမှ ဂရုမပြုမိကြဘူး။

ချွီးရှောင်ရှင်း ကျီယွင်ဟယ်ရဲ့လက်ကိုဆွဲပြီး တိုးတိုးလေးဆိုလိုက်တယ်၊ "ကြီးကြပ်ရေးမှုး အတူတူထွက်ပြေးကြရအောင်!"

ကျီယွင်ဟယ် ရွှယ်ရှင်ကျွင်းကိုကြည့်နေမိ၏။ လီဆူး ဖုန်မှုန့်တွေအဖြစ်ပြောင်းလဲသွားတဲ့မြေပြင်ပေါ်မှာပဲ သူမ ရပ်လို့နေပြီး ချင်းကျီပြုလုပ်ပေးထားတဲ့မှော်အကာကွယ်တံတိုင်းက သူမကိုကာကွယ်စောင့်ရှောက်လို့နေ၏။ သူမကို ဘယ်သူမှ မထိနိုင်တော့ဘူး။ တကယ်တော့ သူမကိုလည်း ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ သူတို့အားလုံးက မိစ္ဆာဌက်ကြီးကိုပဲ အာရုံစိုက်နေကြတာ။

တော်ဝင်ရုံးတော်ရဲ့စည်းမျဉ်းတွေအောက်မှာ မိစ္ဆာဆရာတွေဟာ အရင်ခေတ်ကလို ဂုဏ်သရေရှိပြီး စိတ်ထားမြင့်မြတ်တဲ့သူရဲကောင်းတွေ မဟုတ်ကြတော့ဘူး။ အခုချိန်မှာ သူတို့ဟာ ကမ္ဘာကြီးကယ်တင်ဖို့ဆိုပြီး ရည်ရွယ်ချက်ကိုယ်စီ ဟစ်အော်နေကြပေမဲ့ အတွင်းစိတ်ထဲမှာတော့ သူတို့က သူတို့ရဲ့ရပိုင်ခွင့်တွေကိုသာ ဂရုစိုက်ကြတာ။ ချင်းကျီကိုသတ်ခြင်းဖြင့် တော်ဝင်ရုံးတော်ဆီမှဆုလာဒ်ကောင်းတစ်ခု ရယူနိုင်မယ်လေ။

ရွှယ်ရှင်ကျွင်းတစ်ယောက် ကောင်းကောင်းမွန်မွန်ရှိနေမှန်း သေချာသွားတော့မှ ကျီယွင်ဟယ် နောက်သို့ပြန်လှည့်ပြီး ချွီးရှောင်ရှင်းကို ကော်လံကနေ ပင့်မလိုက်တယ်။

"တောင်ကြားကနေ ထွက်သွားပြီးရင် ဒီမန္တန်ကိုပန်းတစ်ပွင့်ပေါ်သုံးပြီး စာတစ်စောင်ပို့လိုက် လော့ကျင်းစန်း ကြားသွားတာနဲ့ မင်းကိုလာတွေ့လိမ့်မယ် သူမ အပြင်မှာပဲစောင့်နေတာ အတော်ကြာပြီ ငါလုပ်ရမယ့် အရေးကြီးကိစ္စတစ်ချို့ရှိနေသေးတယ် အဲ့ဒါလုပ်ပြီးတာနဲ့ ငါ မင်းကိုလာရှာမယ်"

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now