အပိုင်း (၉၆) မဟုတ်ဘူး
လော့ကျင်းစန်းနဲ့ ချွီးရှောင်ရှင်းတို့ ကျီယွင်ဟယ် မှတ်ဉာဏ်တွေပျောက်သွားတာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်မှန်း မသိကြတော့ဘူး။
သို့သော် လော့ကျင်းစန်းကတော့ ပြီးခဲ့တဲ့အကြောင်းအရာတွေကိုတွေးတောရင်း ခေါင်းကိုညိမ့်လိုက်တယ်။ သူမနဲ့ ခုန်းမင်တို့ တောင်ပိုင်းမှာ ကျီယွင်ဟယ့်ကိုဖမ်းခဲ့ကြတဲ့အချိန်တုန်းက ကျီယွင်ဟယ်က အမျိုးသားတစ်ယောက်အသွင် ပြောင်းလဲထားတာမို့ သူမတို့ ကျီယွင်ဟယ့်ကို မမှတ်မိခဲ့ကြဘူး။ သို့သော် သူမကတော့ သူတို့ကိုမှတ်မိနေသင့်တာ၊ သို့သော် သူမက သူတို့ကို သူစိမ်းတွေလိုသာ ဆက်ဆံခဲ့တာ။
“ရတယ်… အဆင်ပြေပါတယ်” လော့ကျင်းစန်း ပြန်လည်တက်ကြွလာပြီး အားကျီ၏လက်ကိုဖမ်းဆုပ်ကာ နှစ်သိမ့်ပေးလေသည်။ “နင်မေ့သွားလည်း ရတယ်၊ ငါ အရာအာလုံးကိုမှတ်မိတယ်၊ နောက်ပြီး ချွီးရှောင်ရှင်းကလည်း နင့်ရဲ့နံဘေးမှာ အချိန်အကြာကြီးနေခဲ့တာ၊ နောက်ပြီး ဒီငါးကြီးလည်း မှတ်မိတယ်၊ ငါတို့ နင့်ရဲ့အတိတ်ကအကြောင်းတွေအားလုံးကို နင့်ကိုပြန်ပြောပြကြမယ်လေ”
ချွီးရှောင်ရှင်းလည်း ခေါင်းညိမ့်ပြပြီးပြောလိုက်သည်၊ “ဟုတ်တယ်၊ ဟုတ်တယ် ကျွန်တော်တို့ ခင်ဗျားကို အရာအားလုံး ပြန်ပြောပြပေးမယ်”
အားကျီ ခဏမျှတွေးတောပြီးနောက် ဆိုလိုက်တယ်၊ “ရှင်တို့က ကျွန်မရဲ့မိတ်ဆွေတွေပေါ့” မေးခွန်းမဟုတ်ပေမဲ့ လော့ကျင်းစန်းနဲ့ ချွီးရှောင်ရှင်းတို့နှစ်ယောက် အတိတ်ကကိစ္စတွေကိုပြန်ပြောကြရင်းနဲ့ ချက်ချင်း အတည်ပြုကြလေသည်။ သူတို့နှစ်ဦးဟာ အချင်းချင်းသိခဲ့ကြတဲ့နှစ်တွေကိုတောင် လက်ချောင်းတွေချိုးပြီး ရေတွက်လာခဲ့ကြတော့သည်။ အားကျီ ခဏမျှနားထောင်လိုက်တယ်၊ သို့သော် သူတို့နှစ်ဦး စီကာပတ်ကုံးပြောသမျှဟာ တကယ့်ကိုဝေဝါးလို့နေပြီး အားကျီ ဘာတစ်ခုမှ မခံစားမိခဲ့ဘူး။ သူမ သူတို့နှစ်ဦးနောက်က ကျောင်းရန်ကို လှမ်းကြည့်လိုက်တယ်။
သူကတော့ မျက်လွှာလေးအနည်းငယ်ချရင်း တိတ်ဆိတ်စွာရပ်နေခဲ့တာ။ သူ ဘာတွေစဉ်းစားနေမှန်း သေချာမသိခဲ့ဘူး။ အားကျီ သူ့ကို လှမ်းမေးလိုက်တယ်၊ “ဒါဆို… ကျွန်မတို့က မိတ်ဆွေတွေလား?”
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
