အပိုင်း (၇၅) လက်နက်ချမှု

470 51 0
                                    

အပိုင်း (၇၅) လက်နက်ချမှု

ကျီယွင်ဟယ် အနည်းငယ်စိတ်ပူနေမိ၏။ လင်းဟောက်ချင်းက ချန်ယီရဲ့ရှေ့မှာ လွန်ခဲ့တဲ့၆နှစ်တုန်းက အကြောင်းတွေ ထုတ်ပြောလိုက်မယ်ဆိုရင် သူမ ဘယ်လိုလုပ်ရမလဲ…

သို့သော် သူမတို့တွေ လင်းဟောက်ချင်းကိုတွေ့ဖို့အခွင့်မရသေးခင်၊ ယခုချိန်မှာ မိစ္ဆာဆရာတွေက မြောက်ပိုင်းကဆောက်လုပ်ထားတဲ့ ဖွဲ့စည်းပုံကိုချိုးဖောက်ကြပြီး မယုံကြည်နိုင်လောက်အောင် များပြားတဲ့အင်အား၊ အမြန်နှုန်းနဲ့အတူ အပြေးနှင်လာနေပြီလို့ ရှေ့တန်းမှသတင်း ရောက်ရှိလာခဲ့သည်။

ချင်းကျီက လင်းဟောက်ချင်းကိုဖမ်းသွားလို့ သူတို့ ဒေါသထွက်နေကြတာ။ ဒေါသတွေကိုဆယ်စုနှစ်များစွာ မျိုသိပ်ပြီးတဲ့နောက် သူမ,လုပ်ခဲ့တဲ့အရာက ကုလားအုတ်နောက်ကျောကိုရိုက်ချတဲ့ ကောက်ရိုးမြက်တစ်ချောင်းလိုပဲ ဖြစ်သည်။

ကျီယွင်ဟယ် သတင်းကိုကြားလိုက်တဲ့အချိန်မှာ ငိုရမလား ရယ်ရမလားမသိတော့ဘူး။ သူမကလည်း ပုန်းကွယ်သွေးကြောကြောင့် နှစ်ပေါင်းများစွာဖိနှိပ်မှုကို ခံစားခဲ့ရတဲ့လူတွေထဲကတစ်ယောက်ပဲလေ။ သူမရဲ့လူတွေဟာ နောက်ဆုံးတော့ ရည်မှန်းတွေများစွာနဲ့အတူ နိုးထလာခဲ့ပြီး သူမ အချိန်အကြာကြီး မျှော်လင့်ခဲ့ရတဲ့ ဖြစ်တောင့်ဖြစ်ခဲလှုပ်ရှားထကြွမှုတွေရှိလာခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ လက်ရှိမှာ သူမက သူတို့နဲ့ဆန့်ကျင်ဘက်အရပ်မှာ ရပ်တည်နေခဲ့တယ်။

လော့ကျင်းစန်းနဲ့ ခုန်းမင်တို့လည်း အခန်းထဲမှာ ရှိနေကြတယ်။ သူမလည်း အတော့်ကိုစိတ်ရှုပ်သွား၏။ “ငါတို့ သူတို့ရဲ့ခေါင်းဆောင်ကိုဖမ်းလာတာလေ! သူတို့ ဘယ်လိုတောင်ပိုပြီးအားကောင်းလာကြတာလဲ…”

ခုန်းမင်တစ်ယောက် အေးစက်စွာရှုံ့မဲ့ပြီး သူမရဲ့မေးခွန်းကို ခါးခါးသီးသီးလစ်လျူရှုလေသည်။

ကျီယွင်ဟယ် ရှင်းပြလိုက်တော့သည်၊ “အဆုံးစွန်ထိတွန်းအားပေးခံရတဲ့အချိန်တွေမှာ ယုန်တွေတောင်မှ ပြန်ကိုက်တတ်သေးတာပဲ၊ နင်ရဲ့ရွှေ့ကွက်က အရမ်းကိုပြင်းထန်လွန်းတယ်”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now