အပိုင်း (၇၇) သေဆုံးခြင်း

679 54 1
                                        

အပိုင်း (၇၇) သေဆုံးခြင်း

အိပ်ရာပေါ်ကလူဟာ အသက်ရှုရပ်တန့်သွားတာ အချိန်အတော်ကြာပြီ၊ သူမရဲ့ချောင်ကျနေတဲ့မျက်နှာလေးဟာ ယခုချိန်မှာ အပြာရောင်သမ်းနေခဲ့ပြီ။

အခန်းအတွင်းမှာ ကြားရတဲ့တစ်ခုတည်းသောအသံကတော့ လော့ကျင်းစန်းရဲ့မျိုသိပ်ထားသော ရှိုက်ငိုသံပဲဖြစ်သည်။ သို့သော် စိတ်အပျက်ဆုံးဖြစ်နေသင့်သည့်တစ်ယောက်ကတော့ မလှုပ်မယှက်နဲ့ ငြိမ်သက်နေမြဲဖြစ်၏။

ခုန်းမင်တစ်ယောက် ချန်ယီ၏နောက်ကျောကို လှမ်းကြည့်လိုက်တယ်။ ခုန်းမင် သူ့ကို မထိဝံ့တာကြောင့် သူ့ရဲ့နားရွက်နားလေးကပ်ကာ တီးတိုးပြောဆိုလိုက်သည်၊ “ငါတို့ သင်္ဂြိုလ်ဖို့ သင့်တော်တဲ့အချိန်ရွေးရဦးမယ်”

“ဘာသင်္ဂြိုလ်မှာလဲ?!” လော့ကျင်းစန်း ခေါင်းလေးလှည့်ကာ ဘုန်းကြီးကိုစိုက်ကြည့်လေသည်။ “ငါ မယုံဘူး! ငါ မယုံဘူး! နည်းလမ်းတစ်ချို့ရှိလိမ့်မယ်! မဟုတ်ဘူး နည်းလမ်းတစ်ခုရှိကိုရှိလိမ့်မယ်! လင်းဟောက်ချင်း ဒီမှာ ရှိတယ်မဟုတ်လား? ဒါက မိစ္ဆာတောင်ကြားကအဆိပ်ကြောင့်ပဲဖြစ်ရမယ်! ကျွန်မ သူ့ဆီ ဖြေဆေးသွားတောင်းမယ်!”

ဒီလိုပြောရင်း သူမ ရုတ်ချည်း မတ်တပ်ထရပ်ကာ တံခါးဆီသို့ပြေးသွားလိုက်သည်။

ဘုန်းကြီးတစ်ပါး မျက်မှောင်ကြုတ်ပြီး လော့ကျင်းစန်းရဲ့လက်မောင်းကို ဖမ်းဆွဲထားရ၏။ “ငါ သူမကိုကုသနေတာ ရက်အတော်ကြာပြီ၊ အဆိပ်က မရှိတော့ဘူး! သူမရဲ့ခန္ဓာကိုယ်က မောပန်းနွမ်းလျနေတာ…”

“မဟုတ်ဘူး!” လော့ကျင်းစန်း ခုန်းမင်၏လက်ကိုလျော့တိလျော့တွဲ ပြန်ဆွဲယူလိုက်တယ်။ “မဟုတ်ဘူး! ကူညီလို့ရမယ့်နည်းလမ်းတွေ ရှိနေသေးတယ်!” သူမ သူ့ကိုတွန်းထုတ်ပြီး ပြေးထွက်သွားလိုက်တယ်။

ခုန်းမင် သူမနောက်ကိုလိုက်သွားချင်ပေမဲ့ နံဘေးမှာ ချန်ယီတစ်ယောက် ငူငူငိုင်ငိုင်ရပ်နေတာကို တွေ့လိုက်ရ၏။ ဒီနေရာက မိစ္ဆာပွဲကြည့်စင်ဖြစ်တယ်၊ လော့ကျင်းစန်း ဆူဆူညံညံလုပ်နေပေမဲ့ ပြဿနာအကြီးအကျယ်ဖြစ်သွားမှာမဟုတ်ဘူး။ သို့ရာတွင် ဒီငါးကြီးကတော့…

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now