အပိုင်း (၉၅) မျက်နှာချင်းဆိုင် သူစိမ်းတွေပါပဲ

455 44 0
                                    

အပိုင်း (၉၅) မျက်နှာချင်းဆိုင် သူစိမ်းတွေပါပဲ

ဧရာမလက်တံကြီးကို မီးပုံပေါ်မှာ ကင်လို့ထား၏။ အရည်တရွှမ်းရွှမ်းစီးကျလို့နေပြီး ရှဲရှဲမြည်ကာ မွှေးပျံ့ကြိုင်လှိုင်နေခဲ့သည်။

ချွီးရှောင်ရှင်းတစ်ယောက် သစ်သားတုတ်ချောင်းကိုလှည့်ပြီး သရေတွေ ထပ်ခါတလဲလဲမျိုချနေရသည်။ သူ့ရဲ့နံဘေးမှာ လော့ကျင်းစန်းဟာလည်း လက်တံကြီးကို ဆာလောင်မွတ်သိပ်စွာစိုက်ကြည့်ပြီး တိုက်တွန်းလာလေသည်၊ "ငါတို့ စားလို့မရသေးဘူးလား? အခု ဘယ်လိုနေသေးလဲ? ဘာလို့စားလို့မရသေးတာလဲ?"

ချွီးရှောင်ရှင်း ကျီယွင်ဟယ့်ကိုဂရုစိုက်စောင့်ကြည့်နေမြဲဖြစ်သည့်ချန်ယီ့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်အတွင်းကအပူဓာတ်ဟာ ပင်လယ်လင်ဇီးကိုစားသုံးပြီးတဲ့နောက် အနည်းငယ် လျော့ပါးသွားပေမဲ့ သူမ သတိမေ့မြောနေဆဲဖြစ်သည်၊ ဒါကြောင့် သူ သူမရဲ့နံဘေးမှာပဲ အနီးကပ်ရှိနေခဲ့တာ။ ချွီးရှောင်ရှင်း သတိဝီရိယဖြင့် မေးမြန်းလိုက်သည်၊ "ဟမ်း၊ အရှင်၊ အရှင် ယွင်ဟယ့်ကို တစ်နေ့လုံး ဂရုစိုက်နေတာ၊ ဘာလို့ အရင်ဆုံး တစ်ခုခုမစားတာလဲ?"

"မင်းတို့စားလို့ရပြီ" ချန်ယီ ဆိုလိုက်၏။ လော့ကျင်းစန်း ဓါးကိုချက်ချင်းဆွဲထုတ်ပြီး အသားတစ်တုံးလှီးဖြတ်ကာ ကြိမ်ဖန်များစွာမှုတ်ပြီး အလျှင်စလိုမျိုချပစ်လိုက်သည်။

"အား... အရမ်းအရသာရှိတာပဲ!" လော့ကျင်းစန်း အခိုင်အမာဆိုလိုက်သည်။ "အရသာရှိလိုက်တာ! ရှင် ဒီလောက်ကြီးမားတဲ့ဧရာမကင်းမွန်ကြီးကို ဘယ်နေရာက ရလာတာလဲ၊ အရမ်းကိုအရသာရှိတယ်!"

ချွီးရှောင်ရှင်းလည်း အကြီးကြီးကိုက်ချပစ်လိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီကင်းမွန်က အရသာရှိတယ်"

"အဲ့ဒါ ကင်းမွန်မဟုတ်ဘူး၊ ပင်လယ်နတ်ဆိုးတစ်ကောင်ပဲ"

နှစ်ယောက်လုံး ချက်ချင်းကြောင်သွားကြပြီး မျက်နှာတွေ အစိမ်းရောင်ပြောင်းလဲကုန်၏။ "ပင်လယ်နတ်ဆိုးလား?" လော့ကျင်းစန်း ထစ်ထစ်အအဆိုလေသည်။ "နတ်...ဆိုးတစ်ကောင်လား?"

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now