အပိုင်း (၅၀) ထူးဆန်းတဲ့သတ္တဝါအသစ်
ကျီယွင်ဟယ်၏မျက်လုံးတွေဟာ သွေးလိုနီရဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုစိတ် မီးတောက်များဖြင့် ဟုန်းဟုန်းတောက်လောင်နေခဲ့သည်။
ကျီချန်ယွီတစ်ယောက် ကျောရိုးမထဲထိ ချမ်းစိမ့်သွားသလိုခံစားခဲ့ရ၏။
သူမရဲ့ခန္ဓာကိုယ်ပတ်ချာလည်မှာ အနက်ရောင်အခိုးအငွေ့တွေ စုဝေးလို့လာပြီး ချောက်ကမ်းပါးပေါ်က ထိုညကတုန်းအတိုင်း တစ်ပုံစံတည်း မိစ္ဆာမြေခွေးအမြီး၉ချောင်း ထွက်ပေါ်လာခဲ့သည်။
သူမ ထပ်ပြီး ပုံစံပြောင်းသွားပြန်ပြီ။
ကျီချန်ယွီတစ်ယောက် မတ်တပ်ရပ်ရင်းကြောင်အနေစဉ်မှာ သူမရဲ့မျက်လုံးတွေက ရုတ်တရက် ဝင်းလက်လာပြီး သူမရဲ့အမြီးတွေက လှောင်အိမ်ရဲ့သံတန်းတွေကို ရက်ရက်စက်စက် လွှဲရိုက်လာခဲ့သည်။ "ချွမ်း"ခနဲ ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာပြီး လှောင်အိမ်ဟာ တုန်ခါသွားတယ်။ ဆရာတော်ကြီးရဲ့ မှော်ချိတ်စည်းနဲ့ ကာကွယ်ထားတဲ့သံတန်းတွေဟာ ဝင်းလက်တောက်ပလာပြီး အကျဉ်းထောင်တစ်ခုလုံး ထိန်လင်းသွားတော့သည်။
ရိုက်ခတ်တဲ့အားကြောင့် ကျီချန်ယွီ နောက်သို့လွှင့်ပါသွားပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။
ကျီယွင်ဟယ်၏နောက်ကအမြီး၉ချောင်းဟာ လက်မလျော့ခဲ့ဘူး။ အမြီးတွေဟာ ချိတ်စည်းကို အဖန်ဖန်တလဲလဲ ဗရမ်းဗတာရိုက်လို့လာသည်။
ထို့နောက် အမြီးတွေဟာ ရုတ်တရက် နောက်ဆုတ်သွားပြီး ယခင်ကထက်ပိုပြင်းတဲ့အားမျိုးနဲ့ နောက်တစ်ခေါက် ရိုက်နှက်လို့လာ၏။ အမြီးတွေဟာ မှော်ချိတ်စည်းရဲ့ဝင်းလက်မှုကြားမှ ထိုးထွက်လာပြီး လှောင်အိမ်၏အပြင်ဘက်သို့ ရွှေ့လျားလာကာ ကျီချန်ယွီဆီ ဦးတည်လေသည်။
ကျီချန်ယွီတစ်ယောက် အမြီးတွေကိုတားဆီးလိုက်ချင်ပေမဲ့ သူမရဲ့မိစ္ဆာစွမ်းအင်အောက်မှာ သူ လက်လေးတစ်ချောင်းတောင် မမြှောက်နိုင်ခဲ့ဘူး။
အချိန်တိုလေးအတွင်းမှာပဲ အပြင်ဘက်မှ အဖြူရောင်အလင်းတန်းလေးတစ်ခု ဝင်းလက်ဖြာကျလာပြီး အမြီးတစ်ချောင်းကို မြေပြင်ပေါ် စိုက်ကျသွားစေခဲ့တယ်။ ထိုအရာက မြားဖြူလေးတစ်ချောင်းဖြစ်၏။ ကျီယွင်ဟယ် ညည်းတွားသံပြု၍ သူမရဲ့အမြီးတွေကို ပြန်ရုတ်သိမ်းဖို့ကြိုးစားလိုက်ပေမဲ့ မြားတွေတစ်ချောင်းပြီး တစ်ချောင်းဝင်ရောက်လာပြီး အမြီး၉ချောင်းလုံးကို မြေပြင်ပေါ် စိုက်ကျသွားစေခဲ့သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasíaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...