အပိုင်း (၃၂) ရန်ပွဲ
ကျီယွင်ဟယ် ကူကယ်ရာမဲ့စွာ ဒူးထောက်လျက် နာကျင်ခံစားနေရ၏။
သူမ၏အတွေးထဲမှာ အကြောင်းအရာတွေအများကြီး ဝင်ရောက်လာရင်း သူမ၏အသိစိတ်ဟာ မှေးမှိန်ပျောက်ကွယ်သွားတော့့သည်။ သူမ တောင်ကြားဆီရောက်မလာခင် ဘဝအကြောင်း တွေးမိသွား၏။ ပုန်းကွယ်သွေးကြောနဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်သည့်သူမကို မိဘတွေက ဖုံးကွယ်ထားကြသည်၊ ဖြစ်နိုင်သမျှ ရုံးတော်ဆီကနေ ဖုံးကွယ်ထားရင်းပေါ့။ ဒါပေမဲ့ အဆုံးသတ်တော့ သူမတို့မိသားစုဟာ လိုက်လံဖမ်းဆီးတဲ့စစ်သည်တွေကြောင့် အဖမ်းခံရပြီး မိဘနှစ်ပါးဟာ ထိုနေရာမှာပဲ အသတ်ခံခဲ့့ရသည်။ သူမတစ်ယောက်တည်း ဒီမိစ္ဆာတောင်ကြားဆီ အပို့ခံခဲ့ရတယ်။
ထိုအချိန်တည်းကစ၍ သူမဟာ လင်းချန်းလန်၏ကြိုးကိုင်မှုအရိပ်အောက်မှာ နေထိုင်လာခဲ့တာ။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မိဘတွေဆုံးရှုံးလိုက်ရခြင်း၏ ပူဆွေးဝမ်းနည်းမှုတွေ ပျောက်ကွယ်သွားခဲ့သည်။
သူ့ရဲ့ထိန်းချုပ်မှုတွေဆီကနေ ရုန်းထွက်နိုင်မယ့်နေ့လေးအတွက် သူမ အမြဲမျှော်လင့်ပြီး ကြံစည်ထားခဲ့တယ်။ သူမ တောင်ကြားကထွက်သွားပြီး ကမ္ဘာအနှံ့လျှောက်လည်ပစ်လိုက်မယ်ပေါ့။
အခုချိန်မှာ နောက်ဆုံးတော့ သူမရဲ့ပထမဆုံးဆန္ဒကြီး ပြည့်ဝသွားခဲ့ပြီ။ လင်းချန်းလန်က သူမကို ထပ်ပြီးထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ သို့သော် ကံမကောင်းစွာဖြင့် သူမလည်း ဒီမိစ္ဆာတောင်ကြားကနေ ထွက်သွားလို့မရနိုင်တော့ဘူး။
အပြင်ဘက်မှာရှိတဲ့ပန်းရနံ့လေးတွေကို…တကယ်ပဲ ရှုရှိုက်ချင်မိတယ်။
ကျီယွင်ဟယ် သေခြင်းတရား မြန်မြန်ဆန်ဆန်ရောက်လာဖို့ကိုသာ ဆုတောင်းနေမိ၏။ နာကျင်မှုက သိပ်ပြီးသည်းခံထားလို့မရနိုင်အောင်ပဲ။
သို့သော် ကံကြမ္မာက သူမ,အလိုရှိတာကို ဘယ်တော့မှ မပေးခဲ့ဘူး။ ကျီယွင်ဟယ် သေတော့မယ်လို့ ထင်ထားခဲ့ပေမဲ့ ရုတ်တရက် တစ်စုံတစ်ယောက်က သူမကိုဆွဲကယ်လိုက်တယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...