အပိုင်း (၂၇) လော့ကျင်းစန်း
ကျီယွင်ဟယ် ဖြည်းညှင်းစွာလျှောက်ပြီး အခန်းသို့ပြန်လိုက်တယ်။ ကြာပွတ်နီကြောင့်ရခဲ့တဲ့ဒဏ်ရာတွေဟာ သွေးတွေထပ်ထွက်လာပြီး အင်္ကျီနောက်ကျောတွေမှ စိမ့်ထွက်လာတော့သည်။
သူမ အပေါ်ဝတ်ကိုဖယ်ဖို့ အနည်းငယ်လှုပ်ရှားလိုက်ပြီး ဒဏ်ရာပေါ်အနာကျက်ဆေးလိမ်းဖို့ မှန်တစ်ချပ်ကို အသုံးပြုလိုက်တယ်။ သို့သော် သူမတစ်ယောက်တည်း ဆေးထည့်ဖို့က အရမ်းကိုခက်ခဲလွန်း၏။
ကြိမ်ဖန်များစွာထည့်ပြီးတဲ့နောက် ဆေးမှုန့်တွေ နေရာအနှံ့ပြန့်ကြဲသွားပေမဲ့ သူမရဲ့နောက်ကျောပေါ်သို့ များများစားစား ကျမသွားခဲ့ဘူး။"အားရာ..."
ကျီယွင်ဟယ် သက်ပြင်းမချလိုက်ပေမဲ့ အခန်းအတွင်းမှ မိန်းကလေးတစ်ယောက်၏သက်ပြင်းချသံ ထွက်ပေါ်လာခဲ့သည်။ ကျီယွင်ဟယ် မျက်ခုံးတစ်စုံကို အနည်းငယ်ပင့်လိုက်တယ်၊ ထို့နောက် သက်ပြင်းချသံ ထွက်ပေါ်လာသည့်ထောင့်ကို လှမ်းကြည့်ပြီး စကားတစ်ခွန်းမှမဆိုဘဲ လက်ထဲကဆေးပုလင်းကို ပစ်ပေါက်လိုက်တယ်။
ပုလင်းဟာ လေထဲသို့ပစ်ပေါက်လိုက်ပေမဲ့ မြေပြင်ပေါ်ပြုတ်ကျမသွားဘူး။ ထို့အစား တစ်စုံတစ်ယောက်မှ ဖမ်းလိုက်သလိုမျိုး လေထဲမှာတန့်သွား၏။
ပုလင်းဟာ သူမဆီသို့ ဘယ်ညာယိမ်းနွှဲ့ကာ ပြန်ရောက်လာသည်။
"ငါဖမ်းမမိရင်ဘယ်လိုလုပ်မလဲ?" မိန်းကလေးတစ်ယောက်၏အသံ ထပ်ထွက်လာပြီး အသံက ပျော်ရွှင်မြူးထူးပြီး သွက်လက်ဖျတ်လတ်နေတော့သည်။ "ကွဲသွားရင် ငါ နင့်ကိုအသစ်ထပ်ပေးမှာ မဟုတ်ဘူးနော်"
ကျီယွင်ဟယ် မှန်ထဲကိုပြုံးကြည့်လိုက်တယ်။ ဒီရက်ပိုင်းအတွင်း သူမ အရာအားလုံးကိုဖြတ်ကျော်ပြီးတဲ့နောက် အခုချိန်မှာ သူမရဲ့မျက်နှာပေါ်ကအပြုံးဟာ နောက်ဆုံးတော့ စစ်မှန်လာခဲ့ပြီ။
"နှစ်ပေါင်းများစွာကြာအောင် အပြင်မှာထွက်ကစားနေတာ၊ နင် ပုလင်းလေးတစ်လုံးကိုတောင်မှ မဖမ်းနိုင်တော့ဘူးဆိုရင် ငါ တကယ်ပဲနင့်ကို ကောင်းကောင်းကြီးဆော်ရတော့မယ်" ကျီယွင်ဟယ် အိပ်ရာဆီသို့ လျှောက်သွားရင်း ပြောလိုက်တယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...