အပိုင်း (၁၁၂) ထပ်မစောင့်တော့ဘူး

540 44 0
                                    

အပိုင်း (၁၁၂) ထပ်မစောင့်တော့ဘူး

မင်္ဂလာပွဲကိုစောင့်စားနေတဲ့ပထမဆုံးနေ့ရက်လေး၌ ကျီယွင်ဟယ် ဒုတိယမြောက်ဂိတ်တံခါးမှာ အလုပ်ရှုပ်နေခဲ့တယ်။ သူမတို့တွေ နယ်နိမိတ်စည်းအတွက် အခြေခံအုတ်မြစ်ချတာပြီးစီးသွားတဲ့အချိန်မှာ ညနေစောင်းတောင် ရောက်ရှိလို့နေပြီ။

သူမ အရမ်းကိုပင်ပန်းနေခဲ့ပေမဲ့ အနားယူဖို့တောင် မတွေးမိခဲ့ဘူး။ ထိုအစား သူမ မြို့တော်ဆီသာ ပြန်သွားလိုက်သည်။

ကျီယွင်ဟယ် ချွီးရှောင်ရှင်းပြင်ဆင်ပေးထားတဲ့ မင်္ဂလာပွဲဝတ်စုံအတွက်ပစ္စည်းတွေကို အရင်ဆုံးယူလိုက်တယ်၊ ထို့နောက် ချန်ယီ့ကိုရှာဖို့ မိစ္ဆာပွဲကြည့်စင်ဆီ မရပ်မနားခရီးဆက်ခဲ့သည်။

သူမရဲ့အပ်ချုပ်စွမ်းရည်က အထင်ကြီးလောက်ဖွယ်မဟုတ်ဘူးဆိုတာ သူမသိတယ်၊ ဒါကြောင့် ရိုှးရှင်းတဲ့ပုံစံမျိုးလေးလုပ်ဖို့အတွက် သူနဲ့အရင် တိုင်ပင်ချင်တယ်။

သို့ရာတွင် မိစ္ဆာပွဲကြည့်စင်မှာ ချန်ယီ ရှိမနေခဲ့ဘူး။ သူမ အစေခံတစ်ဦးကို မေးမြန်းကြည့်လိုက်ပေမဲ့ နေ့ခင်းတုန်းက ချန်ယီ ရုံးအလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကိုပဲ သူသိပြီး အခု ချန်ယီ ဘယ်နေရာမှာရှိမှန်း မသိခဲ့ပေ။

ကျီယွင်ဟယ် သူ့အခန်းဆီပြန်သွားပြီး သူ့ရဲ့စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူ့ကိုစောင့်ရင်း မင်္ဂလာပွဲဝတ်စုံကို ချုပ်လုပ်ဖို့လုပ်နေစဉ်မှာ ဖိတ်ကြားလွှာနဲ့တူလှတဲ့ စာရွက်အပိုင်းအစတစ်ချို့ကို တွေ့လိုက်ရသည်။

စာရွက်ကိုကြည့်ရင်း ကျီယွင်ဟယ် မျက်တောင်ခတ်မိသွား၏။ ဒီအမြီးကြီးနဲ့ငါးက… ဖိတ်စာတွေကို ကိုယ်တိုင်လုပ်ပြီး သွားပို့နေတာလား?

သူမထင်တာ မှန်နေခဲ့သည်။

ချန်ယီ တကယ်ပဲ မင်္ဂလာဆောင်ဖိတ်စာတွေကို သွားပို့နေခဲ့တာ။

ဘုန်းကြီးနဲ့ လော့ကျင်းစန်းတို့က အရမ်းကိုလွယ်ကူလွန်းတယ်၊ ချန်ယီ သူမတို့ရဲ့ဖိတ်စာတွေကို ခုန်းမင်ဆီပေးပြီး သူ့ကိုသွားပို့ပေးဖို့ ပြောလိုက်ရုံပဲ။ သို့သော် ကျီယွင်ဟယ်၏စာရင်းထဲက မြွေမိစ္ဆာနဲ့ လုကျင်းယန်တို့က အနည်းငယ်ဒုက္ခရောက်ပေလိမ့်မယ်၊ ချန်ယီ သူတို့နှစ်ဦးဆီ ကိုယ်တိုင်သွားပို့ရလိမ့်မယ်။ ပထမဆုံး သူ မြွေမိစ္ဆာ၏အိမ်တံခါးကိုခေါက်လိုက်သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now