အပိုင်း (၁၁၈) နိဂုံး

2.2K 121 9
                                    

အပိုင်း (၁၁၈) နိဂုံး

တောင်ဘက်နယ်စပ်အထက်က ကောင်းကင်ယံကြီးဟာ သွေးလိုနီရဲပြီး မြို့တွင်းကနေ လှမ်းမြင်နေရ၏။ တူးခြစ်နေတဲ့ရုပ်အလောင်းတွေရဲ့ညှော်နံ့တွေနဲ့ ပြာမှုန်တွေဟာလည်း လေနဲ့အတူ လွင့်မျောလာခဲ့သည်။

မိစ္ဆာပွဲကြည့်စင်အတွင်း၌ လင်းဟောက်ချင်း အလှမ်းဝေးဝေးကအနီရောင်အလင်းတန်းကို လှမ်းကြည့်ပြီး မျက်ခုံးတွေအောက်မှာ အရိပ်တွေဖြစ်ပေါ်သွား၏။

"ဘာလို့ နိုးမလာသေးတာလဲ?" ကျီနင် စိုးရိမ်တကြီး ချန်ယီ၏အိပ်ရာဘေးနားသို့ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားလိုက်သည်။

"ဆွန်းသဲရောက်လာတာ အရမ်းမြန်တယ်" လင်းဟောက်ချင်း ဆိုလိုက်၏။ "ဒီလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"

ကျီနင် ဆောင့်ကြောင့်ထိုင်ပြီး ချန်ယီ၏ကုပ်ပိုးကို ဘေးတစ်စောင်းကြည့်လိုက်သည်။

အဲ့ဒီမှာ၊ သူ၏ငွေရောင်ဆံနွယ်တွေအောက်မှာ အဖြူရောင်ဖွဲ့စည်းပုံငယ်လေးတစ်ခုက ဝဲကဲ့သို့လှည့်လည်စီးဆင်းနေ၏။ ဒီရှုထောင့်ကနေ မကြည့်ရင် တွေ့ဖို့မဖြစ်နိုင်လောက်ဘူး။ ကျီနင် သက်ပြင်းယဲ့ယဲ့လေးချလိုက်တော့သည်။ "ဒီဖွဲ့စည်းပုံက ဘယ်အချိန်မှ လင်းလက်လာမှာလဲ..."

လင်းဟောက်ချင်း ခဏမျှနှုတ်ဆိတ်သွားပြီးနောက် ဆိုလိုက်သည်၊ "ဒီအတိုင်းပဲ ဆက်စောင့်"

ကျီနင် ခေါင်းလေးကိုလှည့်ပြီး၊ သူ့ရဲ့မျက်လုံးတွေက လင်းဟောက်ချင်းပေါ်ဖြတ်ကျော်သွားကာ နီရဲနေတဲ့ကောင်းကင်ယံကို လှမ်းကြည့်နေခဲ့သည်။ "ကျွန်တော်တို့စောင့်ဖို့ အချိန်ရောရှိပါဦးမလား?"

လင်းဟောက်ချင်း သူ့ကို ပြန်မဖြေခဲ့ဘူး။

...

ကျီယွင်ဟယ်က လင်းဟောက်ချင်းကို သူမရဲ့အသက်နဲ့ပတ်သက်ပြီး အလောင်းအစားမလုပ်ဖို့ ကတိပေးခဲ့ပြီးပြီ။

သို့သော် သူမ ကတိကိုချိုးဖောက်ခဲ့တယ်။

မင်းသမီးဆွန်းသဲက သူမတို့ခန့်မှန်းထားတာတွေထက် ပိုပြီးအားကောင်းနေတာကြောင့်ပဲဖြစ်သည်။ ဆရာတော်ကြီးနဲ့ ချင်းကျီတို့ရဲ့စွမ်းအားတွေကို ဒီတစ်လျှောက်လုံး လျှော့တွက်ထားမိခဲ့တာ။ ကျီယွင်ဟယ် အသတ်မခံရဘဲ သူမကို(ဆွန်းသဲ) မိုးကြိုးမီးဂူဆီမျှားခေါ်နိုင်ဖို့အတွက် သူမ(ကျီယွင်ဟယ်) လုပ်နိုင်သမျှအရာအားလုံး လုပ်ခဲ့သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now