အပိုင်း (၁၀၄) အရင်တုန်းကလို
ကျီယွင်ဟယ် ပြင်းထန်တဲ့တိုက်ပွဲကိုမျှော်လင့်ရင်း နန်းတွင်းအကျဉ်းထောင်ထဲသို့ ပြေးဝင်လိုက်သည်၊ သို့သော် သူမမြင်တွေ့သမျှနေရာတိုင်းမှာ ရေခဲချွန်တွေပဲရှိနေခဲ့သည်။ သို့ရာတွင် ရေခဲချွန်တွေက သာမာန်ရေခဲတွေနဲ့ မတူဘဲ သူတို့ရဲ့ထိပ်ပိုင်းတွေက မည်သူ့ကိုမျှထိခိုက်ခြင်းမရှိသေးတာတောင်မှ သွေးတွေစွန်းထင်းနေသလိုမျိုး နီရဲနေလေသည်။
စိုးရိမ်တကြီးဖြစ်သွားပြီး သူမ၏ခြေထောက်တွေကို အရှိန်မြှင့်လိုက်သည်။ သူမ အတွင်းသို့ ဝင်ရောက်သွားလေလေ သူမ၏ခန္ဓာကိုယ်က ပိုပြီးတင်းမာလာလေလေဖြစ်၏။
လေထုဟာ အေးစက်လာပြီး သူမ အကျဉ်းထောင်၏အတွင်းဆုံးအပိုင်းသို့ ချဉ်းကပ်သွားလေ ရေခဲတွေဟာ ပို၍သွေးရောင်ပေါက်လာကြတော့သည်။ ထောင့်လေးကိုဖြတ်လိုက်တော့ အချုပ်ခန်းအပြင်ဘက်မှာရပ်နေတဲ့ မင်းသမီးဆွန်းသဲကို ကျီယွင်ဟယ် တွေ့လိုက်ရ၏။
ဆွန်းသဲ ခေါင်းကိုချက်ချင်းလှည့်ပြီး ရူးသွပ်နေတဲ့မျက်လုံးတွေနဲ့ သူမကိုစူးစိုက်ကြည့်လေသည်။ "ကျီယွင်ဟယ်!" သူမ စကားလုံး တစ်လုံးချင်းစီတိုင်း စက်ဆုပ်ဖွယ်အသံဖြင့်ပြော၏။ သူမ၏ဝတ်စုံဟာ စုတ်ပြဲလို့နေပြီး ဆံနွယ်တွေကလည်း ဗရိုဗရဲဖြစ်၍ သူမမှာ မင်းသမီးတစ်ပါးရဲ့အငွေ့အသက်တစ်ခုမှ မရှိတော့ဘူး၊ ရူးသွပ်မှုတစ်ခုသာကျန်ရစ်ခဲ့သည်။
သူမရဲ့နောက်မှာ အစိမ်းရောင်အခိုးအငွေ့တွေကနေ ဖြစ်တည်လာတဲ့ဧရာမတောင်ပံကြီးတွေရှိလို့နေပြီး အကျဉ်းထောင်တစ်ခုလုံး ပြည့်နှက်လို့နေ၏။
သူမရဲ့လက်တွေက အစိမ်းရောင်အကာကွယ်တစ်ခုကို ဖန်တီးထားပြီး လက်ရှိမှာ သူမကိုတိုက်ခိုက်နေတဲ့ ရေခဲသွေးဓါးကို တားဆီးနေလေသည်။
ကျီယွင်ဟယ် အချုပ်ခန်းထဲကလူကို မမြင်ရပေမဲ့ ဒီလိုအတားအဆီးမျိုးဖြစ်စေတဲ့စွမ်းအားရှိသောသူကို သူမ သေချာသိတယ်။ တုန့်ဆိုင်းမနေဘဲ သူမ ဓါးကိုဆွဲထုတ်ကာ ဆွန်းသဲကို ဘေးဘက်ကနေ ထိုးချပစ်လိုက်သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
