အပိုင်း (၁၀) သွေးဖြင့်ယဇ်ပူဇော်ခြင်း
ကျီယွင်တစ်ယောက် အဆောင်ရှေ့သို့ရောက်တော့ နဂိုကကြီးကျယ်ခမ်းနားတဲ့ စည်းကမ်းထိန်းသိမ်းရေးအဆောင်ဟာ ပြိုကျလို့နီးပါးဖြစ်နေတာကို တွေ့လိုက်ရတယ်။ ရွှယ်ရှင်ကျွင်းကတော့ လက်နှစ်ဖက်လုံး လက်ထိပ်ခတ်ခံရမြဲဖြစ်ပေမဲ့ လက်ထိပ်ကြားကအဆက်ဟာ ဆုတ်ပြဲလို့နေပြီ။
လီဆူးက သူမကို ရင်ခွင်ထဲမှာထွေးပွေ့ထားတယ်၊ သူမရဲ့ပုခုံးမှာလည်း ဒဏ်ရာရထားတယ်။
မိစ္ဆာဆရာတစ်ယောက်ရဲ့ခန္ဓာကိုယ်က သူမတို့ရဲ့ခြေထောက်အောက် မြေပြင်ပေါ်မှာ အပုံလိုက်လှဲလို့နေသည်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျီယွင်ဟယ် ခံစားချက် သိပ်မကောင်းခဲ့ဘူး။
“ရွှယ်ရှင်ကျွင်း” ရွှယ်ရှင်ကျွင်းနဲ့ လီဆူးတို့နှင့် မျက်နှာချင်းဆိုင်မှာရပ်နေတဲ့သူကတော့ လင်းဟောက်ချင်းပဲ ဖြစ်သည်။ “မင်းရဲ့ကြောင်မိစ္ဆာက ငါ့လူကို သတ်လိုက်ပြီ မင်း သူ့ကိုဆက်ပြီးကာကွယ်ပေးနေမယ်ဆိုရင် မင်းက ဒီတောင်ကြားရဲ့သစ္စာဖောက်ဖြစ်လာမယ် နောက်ပြီး မိစ္ဆာဆရာတွေအားလုံးက မင်းကို ကြဉ်ဖယ်ကြလိမ့်မယ် မင်းရဲ့မိစ္ဆာဆရာဆိုတဲ့ဘွဲ့ထူးကို ငါပြန်သိမ်းလို့ရတယ် နောက်ပြီး ဒီနေ့ မင်းတို့နှစ်ယောက်လုံး သေသွားကြလိမ့်မယ်” လင်းဟောက်ချင်း ဓါးကိုပင့်မြှောက်ပြီး သူတို့ရှေ့သို့ စိုက်ညွှန်လာသည်။
“ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ”
“ဟား!” ရွှယ်ရှင်ကျွင်း အေးတိအေးစက်တစ်ချက်ရယ်မောလိုက်တယ်။ “မလိုပါဘူး!”
ရွှယ်ရှင်ကျွင်းတစ်ယောက် စွမ်းအင်တွေကုန်ခမ်းသွားပြီဖြစ်သော်ငြားလည်း သူမရဲ့ရည်ရွယ်ချက်တွေက ပြတ်သားနေပြီး မျက်လုံးတစ်စုံက အကြောက်တရားကင်းမဲ့နေခဲ့တယ်။ သူမ အလျော့ပေးမှာမဟုတ်ဘူး။
လီဆူးကတော့ ရွှယ်ရှင်ကျွင်းကို စိုက်ကြည့်နေပြီး သူမရဲ့ပုခုံးသားကိုရစ်ပတ်ထားတဲ့လက်တစ်ဖက်ဟာ တင်းကျပ်နေခဲ့တယ်။
လင်းဟောက်ချင်း ပြုံးမိသွားတယ်။ ဒါကမှ သူတကယ်လိုချင်နေအရာပဲ။ ကျီယွင်ဟယ်၏ ဘယ်ညာလက်ရုံးကြီးကို အခုပဲ သူ ဗြောင်ဗြောင်ထင်ထင် ဖြတ်ချနိုင်တော့မယ်။
![](https://img.wattpad.com/cover/272938355-288-k236981.jpg)
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...