အပိုင်း (၄) ဘဝတူ

1K 101 0
                                        

အပိုင်း (၄) ဘဝတူ

ကျီယွင်ဟယ်တစ်ယောက် လှောင်အိမ်ဆီသို့လျှောက်သွားကာ အဆောင်လက်ဖွဲ့တွေအပြည့်ကပ်ထားတဲ့ သံချောင်းရှည်ကြီးတွေကနေဖြတ်ပြီး ကျောင်းရန်ကို လှမ်းကြည့်လိုက်တယ်။ ကျောင်းရန်တစ်ယောက် လက်တွေချည်နှောင်ထားခြင်းခံရလျက် တွဲလောင်းကျဆင်းလို့နေပြီး တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတော့သည်။ ကြီးမားတဲ့သံချိတ်ကြီးတွေက သူ့ရဲ့ညှပ်ရိုးမှာဖောက်ထွက်လို့နေပြီး အဖြူနဲ့ အပြာအမြီးမှာတော့ ချိန်းကြိုးတွေရစ်ပတ်ထားကာ သူ့ရဲ့လှုပ်ရှားမှုအားလုံးကို ကန့်သတ်ထားလျက်ရှိသည်။

သွေးတွေ တစ်စက်ပြီးတစ်စက်ကျဆင်းလို့နေပြီး ချိန်းကြိုးတွေတောင် သွေးတွေနဲ့နစ်မြှုပ်သွားတော့ လရောင်အောက်မှာ သူ့ရဲ့မျက်နှာတစ်ခုလုံးဟာလည်း စာရွက်ဖြူလေးတစ်ရွက်လို ဖြူဖျော့လို့နေပြီ။ ကျီယွင်ဟယ်တစ်ယောက် ဒီတောင်ကြားမှာနေထိုင်လာတာ နှစ်ပေါင်းများစွာကြာပြီမို့ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့မြင်ကွင်းတွေ အတော်အများကို ကြုံတွေ့ဖူးတာတောင်မှပဲ အခုလိုချမ်းစိမ့်စိမ့်ဖြစ်သွားတာကို ဖုံးမထားနိုင်ခဲ့ဘူး။

ချမ်းစိမ့်မှုနှင့်အတူ သူ့ရဲ့အမူအယာလေးမှာ အနည်းငယ်လစ်ဟာနေသလိုမျိုး သူမ ခံစားလိုက်ရ၏။

ပွင့်လန်းတာပဲဖြစ်ဖြစ် ကြွေလွင့်တာပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်မှာ သူမရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တဲ့အရာ အနည်းငယ်နဲ့ လူအနည်းငယ်သာလျှင်ရှိသည်။

သူမ ရှေ့သို့တစ်လှမ်း တိုးလိုက်တယ်။ ထိုတစ်လှမ်းက သူ့ရဲ့စောင့်ကြပ်မှုဧရိယာထဲသို့ သူမကို ခေါ်ဆောင်သွားတဲ့ပုံပဲ။ သူ့ရဲ့မျက်ခွံလေးတွေ တဖျပ်ဖျပ်ခတ်လို့လာပြီး ရေခဲတမျှအေးစက်နေတဲ့ မျက်လုံးတစ်စုံဟာ ဝင်းလက်တောက်ပမှုနှင့်အတူ ဖွင့်ဟလာခဲ့တယ်။ သူ ကျီယွင်ဟယ်ကို လှမ်းကြည့်လိုက်တော့ မြေအောက်အကျဉ်းထောင်ရဲ့အမှောင်ရိပ်က သူ့ရဲ့မျက်ဝန်းတစ်စုံမှာ ထင်ဟပ်လို့လာပြီး နံရံပေါ်ကအလင်းရောင်ဖျော့တော့တော့မှာတော့ သူမရဲ့အရိပ်လေး ထင်ဟပ်နေသည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now