အပိုင်း (၇၂) ရန်ပွဲ

629 64 0
                                        

အပိုင်း (၇၂) ရန်ပွဲ

လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀တုန်းက မိစ္ဆာဆရာနယ်မြေကြီး၄ခု မပေါ်ပေါက်သေးဘူး၊ ဒါကြောင့် မိစ္ဆာဆရာဖြစ်ချင်တဲ့ ကလေးတွေအားလုံးဟာ မှော်ပညာကိုသင်ကြားဖို့ ဆရာတစ်ဦး ရှာရတော့သည်။

ပုန်းကွယ်သွေးကြောကဝိဉာဉ်စွမ်းအားကို ထိန်းချုပ်ဖို့က သိပ်ပြီးမလွယ်ကူလှဘူး။ ငယ်ငယ်တည်းက စတင်လေ့ကျင့်ရမှာဖြစ်ပြီး၊ ဂိုဏ်းတစ်ဂိုဏ်းထဲဝင်ကာ ဆရာကို ဒုတိယမိဘအဖြစ်သတ်မှတ်ရမှာ ဖြစ်သည်။ ယနေ့ခေတ်မှာတောင်မှ ဆရာနဲ့ တပည့်၏ချစ်ရေးချစ်ရာကိစ္စတွေကို ကန့်ကွက်တဲ့စည်းမျဉ်းတွေ တိတိကျကျရှိနေသေး၏။

ကျီယွင်ဟယ် နှုတ်ဆိတ်ပြီး အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးအကြောင်း ချင်းကျီကို မပြောပြခဲ့ဘူး။

သူမရဲ့အိပ်မက်တွေထဲမှ သိခဲ့ရတာတွေအများစုက သူမရဲ့ကိုယ်ပိုင်ခန့်မှန်းချက်တွေသာ ဖြစ်ပြီး၊ သူမ အတိအကျမသိရသေးတဲ့ကိစ္စတွေအကြောင်း ချင်းကျီကို မပြောပြနိုင်သေးဘူး။

နင်ရော့ချူးကိုသတ်လိုက်တဲ့သူက ဆရာတော်ကြီးမှန်း ချင်းကျီသိသွားမယ်ဆိုရင် သူမ သူ့ကို မဆင်မခြင် သွားရောက် တိုက်ခိုက်လောက်တယ်။ သူမက ဒီကမ္ဘာကြီးထဲမှာ သူ့ကိုတိုက်ခိုက်နိုင်လောက်အောင် စွမ်းအားမြင့်မားတဲ့ တစ်ဦးတည်းသောသူဖြစ်တာတောင်မှ အရင်ရာစုနှစ်မှာ ဆရာတော်ကြီးရဲ့စွမ်းအင်အစစ်အမှန်ကို လက်တွေ့မြင်ဖူးတဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး။ အဆုံးသတ်မှာ ဘယ်သူအနိုင်ရမလဲဆိုတာ ခန့်မှန်းဖို့အလွန်ခက်ခဲလှ၏…

နောက်ပြီး ချင်းကျီ တစ်စုံတစ်ခုဖြစ်ပျက်သွားမှာကို ကျီယွင်ဟယ် မလိုလားဆုံးပဲဖြစ်သည်။

သူမရဲ့တည်ရှိမှုက မြောက်ပိုင်းကလူတွေအတွက် ယုံကြည်မှုတွေကို သယ်ဆောင်လာရုံတင်မဟုတ်ဘဲ သူမရဲ့ခင်မင်ရင်းနှီးမှုကလည်း ကျီယွင်ဟယ်အတွက် အရမ်းကိုအရေးကြီးလွန်း၏။

ကျီယွင်ဟယ် နှုတ်ခမ်းသားတွေကိုစေ့စေ့ပိတ်ပြီး ဘာတစ်ခုမှ ဆက်မပြောတော့ဘူး။

နောက်ရက်တွေမှာ ကျီယွင်ဟယ်တစ်ယောက် အရာအားလုံးရှင်းလင်းသွားစေဖို့အတွက် သူမရဲ့အိပ်မက်ထဲက အမျိုးသမီးကိုတွေ့ဖို့ မျှော်လင့်ခဲ့ပေမဲ့ သူမ ထပ်ပြီးပေါ်မလာတော့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now