အပိုင်း (၂၁) ရုပ်သေးရုပ်

754 75 0
                                        

Blue whisper (Yu Jiao Ji)
အပိုင်း (၂၁) ရုပ်သေးရုပ်

မိစ္ဆာဆရာတွေအားလုံး သတိလက်လွှတ်ဖြစ်သွားခဲ့ကြသည်။ ကျောက်စိမ်းဖီးနစ်ဌက်ကြီးနဲ့တိုက်ပွဲမှာ သူတို့တွေ အားလုံးနီးပါး ဒဏ်ရာရရှိထားကြတာမို့ ချန်ယီ၏တိုက်ခိုက်မှုကို ခုခံထားဖို့ သူတို့မှာ အစွမ်းနည်းနည်းပဲ ရှိတော့တယ်။

သူတို့တွေ အထိတ်တလန့်ဖြစ်ပြီး နေရာအနှံ့ ခွဲထွက်ကုန်၏။ ကျီယွင်ဟယ်တစ်ယောက် မျှော်လင့်ချက်ကြီးမားလာခဲ့သည်။ သူမတို့ရဲ့ထွက်လမ်းအတွက် တိုက်ခိုက်ကြဖို့ အခွင့်လမ်းတစ်ခု တကယ်ပဲရှိကောင်းရှိနိုင်မယ်။ 

သူမ ဓါးကိုတင်းတင်းဆုပ်လိုက်တယ်၊ ထိုအချိန်မှာပဲ လူထုကြားမှ အဖြူရောင်အရာတစ်ခု ဝင်းလက်တောက်ပလာခဲ့သည်။ ရောက်ရှိလာတဲ့သူကိုတွေ့လိုက်ရတော့ ကျီယွင်ဟယ်၏မျက်လုံးတွေ ပြူးကျယ်သွား၏။

ရောက်ရှိလာသူက တောင်ကြားသခင်ကြီးရဲ့မိစ္ဆာအစေခံ ချင်းဆူးပဲဖြစ်သည်။ သူမကိုကြည့်ရတာ ကျောက်စိမ်းဖီးနစ်ဌက်ကြီးကြောင့် ဒဏ်ရာတစ်ချို့ရရှိထားတဲ့ပုံပဲ။ သူမရဲ့နဖူးပေါ်မှာ သွေးတွေရှိနေဆဲဖြစ်ပေမဲ့ ဒီဒဏ်ရာက သူမရဲ့စွမ်းအားကို မထိခိုက်စေခဲ့ဘူး။

ရင်ဘတ်အတွင်းမှ ကျီယွင်ဟယ်၏နှလုံးသားဟာ တဒုန်းဒုန်းခုန်နေတော့သည်။ ချန်ယီတစ်ယောက် ချင်းဆူးကို ကိုင်တွယ်နိုင်ပါ့မလားလို့ သူမ စိတ်ပူနေတာမဟုတ်ဘူး၊ သူမ စိတ်ပူမိတာက…ချင်းဆူးရောက်ရှိလာပြီဆိုရင် ဟိုလူအိုကြီးလည်း အလှမ်းမဝေးမှာရှိနေလိမ့်မယ်။

သူမ ပင်မခန်းမဆောင်ဆီ လှမ်းကြည့်မိလိုက်တော့ လင်းချန်းလန်တစ်ယောက် သူ့ရဲ့တွန်းလှည်းကြီးနဲ့အတူ လှိမ့်ထွက်လာတာကို ငေးမောကြည့်နေမိ၏။ ကျီယွင်ဟယ်တစ်ယောက် အမြင်အာရုံကို ပြန်လည်မစုစည်းနိုင်သေးခင်မှာပဲ အလင်းတန်းတစ်ခုက သူမရဲ့နဖူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။

သူမရဲ့ဦးခေါင်းခွံတစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

နာကျင်မှုက သူမရဲ့ခွန်အားတွေအားလုံးကို ချက်ချင်းဖယ်ရှားပစ်လိုက်တယ်။ သူမ မြေပြင်ပေါ် လဲကျသွားပြီး လက်ထဲကဓါးရှည်ကြီးဟာလည်း ပြုတ်ကျသွားတော့သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now