အပိုင်း (၁၁၆) ကျူးကျော်ဝင်ရောက်မှု

676 41 0
                                        

အပိုင်း (၁၁၆) ကျူးကျော်ဝင်ရောက်မှု

ဆွန်းသဲတစ်ယောက် တော်ဝင်ရုံးတော်၏ဗလာနတ္ထိခန်းမကြီးအတွင်းမှာ ခြေဗလာနဲ့ရပ်လို့နေ၏။ ဖုန်မှုန့်တွေက အရာအားလုံးကို ဖုံးလွှမ်းထားတယ်။

“လာလာလာလာ…” ကြမ်းပြင်တစ်လျှောက် ပျော်ရွှင်မြူးထူးစွာ လျှောက်လှမ်းရင်း သူမတစ်ယောက်တည်း သီဆိုနေတော့သည်။ သူမ လျှောက်လမ်းထိပ်ကနဂါးပလ္လင်ဆီ ရောက်သွားတဲ့အချိန်မှာ ရုတ်တရက် နောက်သို့ပြန်လှည့်ပြီး လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်၊ “ကျူးလင် ဒီကိုလာ”

သူမ၏လက်ချောင်းထိပ်ကကြိုးအစိမ်းလေးဟာ သူမရဲ့နောက်ကလူ၏နဖူးနဲ့ တွဲချည်ထား၏။

ဆရာတော်ကြီးသတ်တာခံလိုက်ရတဲ့ကျူးလင်တစ်ယောက် နောက်တစ်ဖန်အသက်ဝင်လာခဲ့ပြီ။

သူက ယခင်အတိုင်းတစ်ပုံစံတည်းသောအနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပေမဲ့ သူ့ရဲ့မျက်နှာဟာ အသက်မဲ့လို့နေပြီး အရေပြားဟာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့အစိမ်းရောင်နဲ့အတူ ဝင်းလက်တောက်ပနေခဲ့သည်။ မင်းသမီးဆွန်းသဲ၏လက်ချောင်းလေးတွေ ကြိုးနဲ့အတူ လှုပ်ရှားသွားတဲ့အချိန်တိုင်း သူ ရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းသွားမည်ဖြစ်သည်။

သူ သူမရဲ့ကြိုးနောက်ကိုလိုက်သွားပြီး နဂါးပလ္လင်ပေါ် ထိုင်ချလေသည်။

ဆွန်းသဲ ပျော်ရွှင်မြူးထူးစွာပြုံးသွား၏။ “ကြည့်ပါဦး၊ အခုတော့ ဒီရုံးတော်က ငါ့အပိုင်ပဲ” သူမ ဆိုလိုက်သည်။ “ငါ ဘယ်သူ့ကိုမဆို ပလ္လင်ပေါ် ထိုင်ခိုင်းလို့ရပြီ”

သူမ နောက်လက်တစ်ချောင်းကိုရွှေ့ပြီး ဒုတိယမြောက်ကြိုးလေးဟာ ကျီချန်ယွီကို လှမ်းဆွဲလေသည်။

ကျူးလင်ကဲ့သို့ပဲ၊ သူ့ရဲ့အရေပြားဟာလည်း ဖျော့တော့တဲ့အစိမ်းရောင်အလင်းတန်းလေးနဲ့အတူ ဝင်းလက်တောက်ပပြီး သူ့ရဲ့မျက်လုံးတွေဟာ ညှို့မှိုင်းလို့နေ၏။

“မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဖြစ်ကြတာကို ငါမှတ်မိတယ်၊ သူ့ရဲ့ညီ ဆရာတော်ကြီးအိမ်တော်ကို သစ္စာဖောက်ပြီး ဘုန်းကြီးဖြစ်သွားတဲ့အချိန်တုန်းက သူ လှောင်ပြောင်မှုတွေနဲ့ အနိုင်ကျင့်မှုတွေအများကြီးကို ခံစားခဲ့ရတယ်၊ မင်းကတော့ သူ့ကိုအမြဲကူညီပေးခဲ့တယ်၊ နောက်တော့ ငါ့ကိုကယ်ရင်း မင်းရဲ့မျက်နှာ ပျက်စီးသွားတယ်၊ တစ်ခြားသူတွေအားလုံးက မင်းကို ကြောက်လန့်ခဲ့ကြပေမဲ့ သူကတော့ မင်းကို နေ့တိုင်းလာတွေ့တယ်၊ မင်းတို့နှစ်ယောက်က ညီအကိုတွေလိုရင်းနှီးကြတယ်၊ ဒါကြောင့် မင်းတို့နှစ်ယောက်အတူ ပလ္လင်ပေါ်မှာစံမြန်းသင့်တာ”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now