အပိုင်း (၄၄) နှလုံးသားပူဆွေးမှုကြီး

629 67 0
                                        

အပိုင်း (၄၄) စိတ်နှလုံးပူဆွေးမှုကြီး

ညဉ့်သန်းခေါင်ချိန်မှာ ပိုးမွှားလေးတွေရဲ့အသံကိုပဲ ကြားနေရ၏။

ကျီယွင်ဟယ် ကွပ်ပြစ်ပေါ်မှာ တိတ်တိတ်လေးလဲလျောင်းပြီး အမှောင်ထုထဲသို့ မျက်ဝန်းကျယ်တွေနဲ့ စူးစိုက်ကြည့်နေခဲ့သည်။ သူမ အိပ်မောကျနေတဲ့ပုံပေါ်ပေမဲ့ တချိန်တည်းမှာပဲ သူမ တဲအိမ်ကိုဖောက်ထွက်ပြီး ကောင်းကင်ယံကကြယ်တွေကိုကြည့်နေတဲ့ပုံပေါ်သည်။

ရုတ်တရက် သူမရဲ့ဘေးနားကပိုးမွှားသံတွေ ငြိမ်ကျသွား၏။ လင်းဟောက်ချင်းရောက်လာမှန်း ကျီယွင်ဟယ် သိမိလိုက်တယ်။

သူ ရောက်လာပြီဆိုတော့ သူမ,တောင်းဆိုထားတဲ့အရာကိုလုပ်ပေးဖို့ မပျက်ကွက်ဘူးပေါ့။ ဒါဆို သူမရဲ့ဘေးက တဲအိမ်ထဲမှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ သူမ သွားကြည့်၊ နားထောင်နေစရာမလိုဘဲ သိနေတော့သည်။

သူမရဲ့နှလုံးသားဟာ တဆစ်ဆစ်နာကျင်လာခဲ့သည်။ ချန်ယီအပေါ် ဒီလိုမျိုးလုပ်တာက ရက်စက်လွန်းတယ်လို့တောင် သူမ ခံစားခဲ့ရသည်။

သို့သော် အခုချိန်မှာ ပြန်လှည့်လို့မရတော့ဘူး။

ညဉ့်အချိန်ဟာ ငြိမ်သက်နေဆဲဖြစ်သည်။

မုန်တိုင်းမလာခင် ပို၍ငြိမ်သက်နေသလို၊ သူမရဲ့အတွေးတွေထဲမှာ ယခင်အမှတ်တရတွေ ပို၍ထွက်ပေါ်လာခဲ့သည်။

ဝေဝါးနေတဲ့ သူမရဲ့ကလေးဘဝ၊ မိဘတွေနဲ့အတူ အလောတကြီးထွက်ပြေးရမှုနဲ့ မိစ္ဆာတောင်ကြားက မေ့မရနိုင်တဲ့နေ့ရက်တွေ... ဥပမာပေးရမယ်ဆိုရင် လင်းချန်းလန် သူမကို အဆိပ်စတင်ကျွေးတဲ့နေ့ရက်။

လင်းချန်းလန် သူမကို သူ့ရဲ့အခန်းဆီခေါ်ခဲ့တဲ့အချိန်တုန်းက နေသာတဲ့နေ့လေးမဟုတ်ခဲ့ဘူး။ သူမ ဝင်သွားချင်းပဲ သူ့ရဲ့မိစ္ဆာအစေခံမြေခွေးချင်းဆူးဟာ သူမရဲ့ပါးစပ်ကို ဇွတ်အတင်းထိုးဖွင့်ပြီး ဆေးတစ်လုံးမျိုချအောင် လုပ်ခဲ့သည်။

အဲ့ဒီအချိန်တုန်းက သူမ စိတ်ရှုပ်သွားတာမို့ သူမကိုဘာကျွေးလိုက်မှန်း မသိခဲ့ဘူး၊ ဒါကြောင့် သူမ သူတို့နှစ်ယောက်လုံးကို နလပိန်းတုံးအရူးတစ်ယောက်ကဲ့သို့ ကြည့်နေမိ၏။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now