ကျန်းမင်သည် ရုတ်တရက် ပန်းချီကားတစ်ချပ်ဖြစ်သွား၏။
ထို့နောက် ထိုပန်းချီကားမှာ ခဲဖျက်ဖြင့်အဖျက်ခံလိုက်ရသကဲ့သို့ဖြစ်သွားလေသည်။မည်သည့်အဆင့်မြင့်ဆေးဖြစ်ဖြစ် လေဟာနယ်တိုက်ခိုက်မှုရှေ့တွင် အသုံးမဝင်ဖြစ်ရသည်။
အခန်းမှာ ရုတ်တရက်တိတ်ဆိတ်သွား၏။
ဖူအန်သည် စကေးပြည့်ဝစွာဖြင့် ကျန်နေသေးသည့်သရဲများကိုရှောင်ရှားလိုက်သည်။ကျန်းယွမ်ယွမ်သည် အောက်ကိုကြည့်ရင်း အနည်းငယ်ခေါင်းမူးသလိုခံစားလိုက်ရသည်။
ဖက်တီးမလေးမှာ အားနည်းသည့်ကြက်ပေါက်လေးတစ်ကောင်အဖြစ်မှ ညဏ်ကောင်းပြီးအားနည်းသည့် ကြက်ကလေးသို့ပြောင်းလဲသွားသည်ကို သူမမျက်စိဖြင့် မြင်ခဲ့ရသည်။ ထို့နောက်မာယီနှင့် အခြားအဆင့်မြင့်ကစားသမားများကဲ့သို့ သန်မာလာခဲ့ပြီးနောက်ဆုံးတွင် ဂိမ်းထဲ၌အကောင်းဆုံးကစားသမားဖြစ်လာခဲ့သည်။
အိမ်မက်တစ်ခုလိုပင်…………..
သူက တကယ်ပဲအရမ်းကြမ်းတဲ့အစိမ်းရောင်ဇီးသီးလေးပဲ………….
…………………………………………………….ဖူအန်မှာ သူမကိုယ်သူမ အလွန်မိုက်သည်ဟုမခံစားမိပေ။
စွမ်းရည်ကိုသုံးသောအခါ ဖြစ်တတ်သည့်နာကျင်မှုက အဘယ်ကြောင့်ပျောက်သွားသည်ကို သူမသိသော်လည်း ခန္ဓာကိုယ်မှဖြစ်ပျက်သည့်အကျိုးဆက်မှာ အစစ်အမှန်ပင်။ကျန်းမင်ကိုသတ်လိုက်ခြင်းက သူမစွမ်းရည်၏နောက်ဆုံးလက်ကျန်လေးကို ညှစ်ထုတ်လိုက်ရခြင်းဖြစ်သည်။
ဤနေရာမှမထွက်ခွာပါက သရဲများကိုရှောင်ရှားရန်ခွန်အားရှိတော့မည်မဟုတ်ပေ။ယခုအချိန်တွင် ကျန်းမင်မှာ ကျောင်းတွင်ရှိသမျှသရဲများကို ဆွဲခေါ်ခဲ့ခြင်းဖြစ်သဖြင့် ထွက်သွားရန်နည်းလမ်းမရှိတော့ပေ။
အောက်ဆင်းရန်နည်းလမ်းမရှိတော့ပါက အပေါ်သို့တက်ရန်သာ ကျန်တော့ပေသည်။အခန်းထဲကို ဖူအန်ကြည့်လိုက်၏။ ကျန်းမင်သည် သူမနှင့်အကြံတူတူရှိနေနိုင်ပေသည်။ ပြတင်းပေါက်အားလုံး ပွင့်နေသည်။
