Chapter-1 in the cliché angst novel (1)

8.6K 767 11
                                    

Unicode

ဖြန်း!!
"နင်ဘာလို့ဒီလောက်အသက်ငယ်ငယ်လေးမှာကို ဘာလို့အရမ်းရန်လိုနေတတ်တာလဲ"

"သူမကနင့်ညီမလေ အဲ့တာကိုနင်ကသူ့ကိုချောက်ချဖို့ ကြိုးစားနေတာလား။ နင်ကသူ့ကို အိမ်မှာအနိုင်ကျင့်လို့မရတော့ ကျောင်းမှာအနိုင်ကျင့်နေတာလား"

ရှုကျောင်းဖန်က လင်းရှီရဲ့လက်မောင်းကို လက်တစ်ဖတ်နဲ့ကိုင်ပြီး အခြားတစ်ဖတ်နဲ့ သူမမျက်နှာကိုရိုက်လိုက်သည်။

"သူမကသူဖာသာ ရေကန်ထဲပြုတ်ကျတာ သမီးနဲ့ဘာမှမဆိုင်ဘူး"
လင်းရှီက နာကျင်မှုကိုဆန့်ကျင်ပြီး အထင်လွဲတာကို ငြင်းပယ်နေလိုက်၏။

ရှုကျောင်းဖန်က ပိုစိတ်တိုလာပြီး
"နင်သာရှင်းရှင်းကို တစ်ခုခုမလုပ်လိုက်ရင် ရှင်းရှင်းကရေကန်ထဲ ဘယ်လိုလုပ်ပြုတ်ကျမှာလဲ"

" သူဘယ်လိုပြုတ်ကျသွားလဲဆိုတာ သမီးမသိဘူး။ ဒါပေမဲ့အဲ့တာက သမီးနဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒီနေရာမှာ တခြားလူတွေနဲ့ စောင့်ကြည့်ကင်မရာလည်းရှိတယ်။ အဘွားသမီးကိုမယုံရင် သွားကြည့်လို့ရတယ်။"

"နင်ဆက်ပြီးငြင်းနေတုန်းပဲလား။"
"သမီးပြောသလိုပဲ သမီးဘာမှမလုပ်ခဲ့ဘူး။"
လင်းရှီက ရှုကျောင်းဖန်နောက်က လင်းအန်ရှင်းကို ကြည့်လိုက်တယ်။

လင်းအန်ရှင်းက အခုဆိုရေစိုအဝတ်တွေတောင်လဲပြီးနေပြီ။ သူမကိုစောင်နဲ့ပတ်ထားပြီး စုန်ခယ်ရှင်းကလည်းသူမကို သူမရဲ့လက်မောင်းထဲထည့်ထားကာ လန်အန်ရှင်းက စုန်ခယ်ရှင်းတိုက်တဲ့ ဂျင်းပြုတ်ရည်ကို သောက်နေသည်။

ဒီနေ့လည်မှာ လင်းရှီစာကြည့်တိုက်ကနေ ထွက်လာတော့ လူတွေအများကြီး လူလုပ်ရေကန်ဘက်ကိုပြေးနေကြတာတွေလိုက်ရသည်။ ပြီးတော့ လင်းအန်ရှင်းက တစ်ယောက်ယောက်နဲ့ ကတောက်ကဆဖြစ်ပြီး ရေကန်ထဲကျသွားတယ်လို့လည်းကြားခဲ့တယ်။ အဲ့ဒီအဖြစ်ပျက်က ကျောင်းချိန်ပြီးခါနီးမှာဖြစ်ပျက်သွားခြင်းဖြစ်သည်။

လင်းရှီ အဲ့နေရာကိုရောက်သွားတော့ လင်းအန်ရှီက လူတစ်ရပ်စာမျှသာရှိတဲ့ ရေကန်လေးထဲ ရုန်းကန်နေတယ်။ ဆရာမကလည်း အဲ့နေရာကိုရောက်မလာသေးတော့ ဘယ်သူမှကြားမဝင်ရဲဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now