Chapter-171 Gu Xi ran over happily toward Gu Shao when she saw him.

3.1K 438 32
                                    

Unicode

ဂူရှောင်း,"ခဏလောက် စောင့်ကြည့်နေလိုက်။ သူတို့က ဒီအတိုင်း သဘောကျနေရုံလောက်ဆို စကားသုံးပြီး ဖြေရှင်းလို့ရတယ်။ သူတို့နှစ်ယောက်က ရည်းစားအဆင့်ထိတောင် ရောက်နေပြီဆိုရင်........"

ဂူရှောင်းသည် အရင်က သူ အွန်လိုင်းမှာ ဖတ်ထားသမျှကို ရှန်းရီအား မျှဝေပေးနေသည်။ အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သူလည်းမသိ။ သူကိုယ်တိုင်မှ သုံးမကြည့်ရသေးတာ။

ပြီးတော့ ရှန်းရီကလည်း သူပြောတာကို ဂရုတစိုက် နားထောင်နေသည်။

............

ရှုဖေးသည် သူတို့နှစ်ယောက်နောက်ကနေ အဖေနှစ်ယောက်အား ကြည့်နေသည်။ တစ်ယောက်က အဖေလက်သစ်လေးဖြစ်ပြီးတော့ နောက်တစ်ယောက်က သူ့သားနှင့် သိပ်ပြီး အချိန်မဖြုန်းရသော အဖေဖြစ်သည်။

သူတို့နှစ်ယောက်က ကလေးတွေ ရည်းစားထားတာနှင့် ပတ်သတ်၍ အလေးနက်ဆွေးနွေးနေကြတာကို နားထောင်ပြီး ရှုဖေး တီးတိုးပြောနေလိုက်သည်။ ဘယ်လိုပဲကြည့်ကြည့် rookieတစ်ယောက်က နောက်ထပ်rookieလေးကို ပညာပြန်ပို့ချပေးနေတာနဲ့တူတယ်။

အရေးကြီးဆုံးကတော့......

တစ်ယောက်က လေးလေးနက်နက် သင်ကြားပေးနေပြီး နောက်တစ်ယောက်ကလည်း ဂရုတစိုက် လိုက်နားထောင်နေသည်။

အဖေနှစ်ယောက်၏ အတွေးဖလှယ်ပွဲကို နားထောင်နေသော မေမေတုန်နှင့် ဖေဖေတုန်တို့၏ အမူအရာများကလည်း ရှုဖေးနှင့် မခြားမနားပင်။

ကလေးတွေ ရည်းစားထားတာက မိဘတွေစိတ်ပူရတဲ့ ပြဿနာဆိုပေမယ့် ဒီနှစ်ယောက်က နည်းနည်းလေး ပိုလွန်းမနေဘူးလား။

နောက်ဆုံးတော့ မေမေတုန်သည် မနေနိုင်စွာ လည်ချောင်းရှင်းပြီး မရေမရာအသံဖြင့် ဆိုလာသည်။
"သိလားတော့မသိဘူး။ HSAUက အဲ့တာတွေကို ထိန်းချုပ်နိုင်ဖို့ အတော်လုပ်ဆောင်ထားတယ်။ အဲ့လောက်ကြီးလည်း စိုးရိမ်စရာလိုမယ်လို့ မထင်ဘူး"

ရှန်းရီ,"သေချာအောင်လို့ မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပဲ" ချစ်ကြိုက်ရေးနဲ့ပတ်သတ်လာရင် အဖူးအတက် မထွက်ခင်ကတည်းက ညှပ်ပစ်ရမယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now