Chapter-39 Wait! We are going to the Lin's?! (2)

5.3K 650 1
                                    

Unicode

ဂူရှောင်း သူမကို ပြန်ချေပပြောတာ မတွေ့ရတော့ လင်းရှီက သူလက်ခံတယ်လို့ ယူဆလိုက်သည်။ လင်းရှီ သူ့အား ပြုံးပြကာ
"အိုကေ ဒီအတိုင်းပဲ လုပ်လိုက်မယ်"

ဂူရှောင်း,"သွားအိပ်တော့"

"အိုကေ"
သူမလှည့်ကာ အခန်းကို ပြန်သွားသည်။ လမ်းတစ်ဝက်မှာ သူမတစ်ခုခုမေ့နေတာကို သတိရသွားပြီး ဂူရှောင်းဘက်ပြန်လှည့်ကာ ပြောလိုက်၏။
"Good night အဖေ"

........
လင်းရှီအခန်းကို ပြန်သွားချိန် ဂူရှောင်းပေါ်က အကြည့်က ပိုကြီးမည်းလာသည်။

ဂူရှောင်း ဝမ်ဝူကို ဖုန်းခေါ်လိုက်ကာ

"Sir?"

"လင်းရှီကို အရင်က ရွာကိုပို့ဖူးတယ်မလား"

"ဟုတ်ကဲ့။ ဒါပေမယ့် သူမအဲ့ဒီမှာ ကြာကြာနေခဲ့ပုံမရဘူး"

"အဲ့တာကို စုံစမ်းထားလိုက်။ လင်းရှီ အဲ့ဒီမှာနေခဲ့တုန်းက ဘာဖြစ်ခဲ့တယ် လင်းမိသားစုမှာနေခဲ့တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာကို ပိုပြီး အသေးစိတ်သိချင်တယ်။ အရင်က ငါတို့ရထားတာတွေထက် ပိုပြီးသိချင်တယ်"
သူ လင်းမိသားစုကို သွားမယ်လို့ပြောတုန်းက လင်းရှီရဲ့မျက်လုံးထဲက ကြောက်လန့်နေမှုကို ဂူရှောင်း မလွတ်သွားခဲ့ဘူး။

လင်းမိသားစုမှာ နေရတဲ့ သူမရဲ့နေ့ရက်တွေက မကောင်းရုံလေးတင်ဆို သူမမှာ ဒီလိုပြင်းထန်တဲ့ တုံ့ပြန်မှု ရှိလာစရာ အကြောင်းမရှိဘူး။

ဒါ့အပြင် သူတို့အတူနေခဲ့တဲ့ ရက်အနည်းလောက်နဲ့ ဂူရှောင်းပြောနိုင်တာက လင်းရှီက ပျက်စီးနေတဲ့ကလေးမဟုတ်သလို ပြဿနာရှာတတ်တဲ့ကလေး မဟုတ်ဘူး။ ထိုအရာနဲ့ပြောင်းပြန် လင်းရှီက ခံစားချက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ကလေးသာဖြစ်သည်။ နေ့ရက်တွေက မကောင်းရုံလေးတင်ဆို သူမဘာမှမသိတဲ့ အဖေတစ်ယောက်ကို လာရှာမှာမဟုတ်ဘူး။

ဂူရှောင်းရဲ့အမိန့်ကို ကြားတဲ့ဝမ်ဝူက တစ်ခုခုကို ချက်ချင်း သဘောပေါက်လိုက်သည်။ အရင်ကရှာတွေ့ထားတဲ့အရာတွေက စေ့စပ်မလုံလောက်သေးဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now