Chapter-97

5K 626 13
                                    

Lin Anxin wanted to expose Gu Xi's infamous past in front of her new schoolmates. (1)

............
Zawgi

"ဒါဆို သူက နင့်ရဲ့ဝမ်းကွဲအကိုကြီးပေါ့ kekeke"

ဂူရှီက ပြန်မဖြေခဲ့ပေ။ အတွေးတစ်ခု သူမဆီတွင် ပေါ်သွားရသည်။ ဂူချန်းရီက သုံးယောက်ထဲက အကြီးလားဆိုတာ သူမ သေချာမသိပါ။

ဂူရှောင်းက သူတို့က အသက်ရွယ်တူလောက်ဟုသာ ပြောခဲ့သည်။ သူက သူတို့ထဲကဘယ်တစ်ယောက်က အကြီးဆိုတာကို အတိအကျ မပြောခဲ့ချေ။

............
ထိုနေ့ည ဂူရှီသည် အသားတကျဖြစ်အောင် လုပ်ပြီးနောက် စပြီးစာလေ့လာရန် ပြင်နေတုန်း သူမဖုန်းပေါ်တွင် messageတစ်စောင် ပေါ်လာသည်။

ဂူချန်းရီဆီက ဖြစ်ပြီး စာလုံးခုနှစ်လုံးနှင့်သာ ဖြစ်သည်။
[မင်းတံခါးဆီကိုလာခဲ့]
သူက စာအဆုံးတွင် သိတယ်မလားemoji(😏)ကိုတောင် ထည့်လိုက်သေးသည်။

သူမတွေဝေသွားပေမယ့် လက်ထဲကဖုန်းနှင့်အတူ တံခါးဆီသို့ လာလိုက်သေးသည်။

"ဘာလဲ"
အခုတင် အပြင်ကပြန်လာပုံရသော ဂူချန်းရီကို ကြည့်ကာ သူမမျက်ခုံးကို ပင့်လျက်မေးလေသည်။

"အစားကောင်းတွေဆီ မင်းကို ခေါ်သွားပေးမလို့"
ပြောပြီးသည်နှင့် ဂူချန်းရီသည် ဂူရှီကို သူနှင့်အတူ အောက်ထပ်သို့ ဆွဲခေါ်သွားသည်။

ခုံအရှေ့တွင် သူသိမ်းထားသော မုန့်ထုပ်တွေကို ပြန်ယူပြီး အကုန်လုံးကို ဂူရှီဆီသို့ ပေးလိုက်သည်။

"ဒီဆိုင်က နာမည်ကြီးတယ်လို့ ကြားလို့ ငါသွားခဲ့တာ"
ဤဆိုင်က နာမည်အရမ်းကြီးပြီး ဂူချန်းရီသည် တစ်နာရီနီးပါး တန်းစီနေခဲ့ရတာဖြစ်သည်။

ဂူရှီ မုန့်တွေကို ကြည့်လိုက်သည်။ roasted cheese, roasted marsh mellow, milk teaနှင့် အချိုအမျိုးမျိုးဖြစ်သည်။ ကုန်ကုန်ပြောနိုင်ရရင် တွေးကြည့်လို့ရသလောက် အကုန်ပင်ဖြစ်သည်။

"ဒီလောက်အများကြီး"

"မင်းညမှာ စားဖို့အလုံအလောက် မရှိမှာကို ငါစိတ်ပူလို့"

ဂူရှီက ညစာအများကြီး စားပုံမရတာကို ဂူချန်းရီ သတိထားမိသည်။ သူမ ဗိုက်ဆာနေမည်ကို စိုး၍ သူသည် နာမည်ကြီးဆိုင်ကို သွားကာ သူတို့စားစရာတွေတိုင်းစီ၏ တစ်ခုစီကို ဝယ်လာခဲ့သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now