Chapter-21 They said she looks like him? (3)

5.4K 647 4
                                    

Unicode

ဒါမှမဟုတ် သူမအမေများ အရင်ကတည်းက သေ.............

အဲ့ဒီဖြစ်နိုင်ချေက ရှုဖေးကို တည်တည်ကြီးဖြစ်သွားစေသည်။ သူပိုပိုပြီး တွေးလေ အဲ့လိုဖြစ်နိုင်လောက်မယ်လို့ ပိုပြီးတွေးမိလေ။

အဲ့လိုမဟုတ်ဘူးဆိုရင် ကလေးကရုတ်တရက်ကြီး ပေါ်လာပြီး သူတို့ဘော့စ်ကို လာရှာမှာလဲ။

ဒါမှမဟုတ် သူမအမေက သူမကိုနောက်ထပ် မမွေးထားနိုင်တော့လို့ အမှန်တရားကို ပြောပြပြီး အဖေဖြစ်သူကိုရှာခိုင်းတာများလား။

အတွေးတွေထဲမှာတော့ ရှောင်ရှီက တကယ်ကို သနားစရာလေးဖြစ်နေပါပြီ။

........
ရှုဖေးက မျက်နှာပေါ်မှာ ဝမ်းနည်းလိုက် သက်ပြင်းချလိုက်နဲ့ ပြောင်းလဲနေတယ်။ ရှုဖေးစိတ်ထဲ ဘာတွေတွေးနေတာလဲဆိုတာ မသိတဲ့လင်းရှီကတော့ လုံးဝကို ​ကြောင်တောင်တောင်ကြီး ဖြစ်နေခဲ့သည်။

ဘာလို့ သူ့ဆီကနေ ရုတ်တရက်ကြီး စာနာသနားမှုတွေ ပေါ်လာတာလဲ။

"စိတ်မပူပါနဲ့ မင်းအဖေ မကြာခင် ပြန်လာမှာပါ"
သူကလင်းရှီကို နှစ်သိမ့်ပေးလိုက်သည်။

လင်းရှီ ခေါင်းညိမ့်ပြလိုက်ပေမယ့် ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ။

ရှုဖေးထွက်သွားပြီးနောက် လင်းရှီအခန်းထဲဝင်လိုက်ပြီး ယာယီတိုက်ခန်းလေးကို ကြည့်ရှုလိုက်သည်။

အခန်းက အရမ်းကြီးမကြီးဘူး။ သာမန်ဟိုတယ်ခန်း အရွယ်စားလောက်ပဲ။ ဒါပေမယ့် ရှုပ်ရှုပ်ထွေးထွေး အပြင်အဆင်တော့ မရှိဘူး။ အခန်းတစ်ခုလုံးက ရိုးရိုးရှင်းရှင်းလေးနဲ့ နွေးနွေးလေး။

အိပ်ရာခင်းတွေ စောင်တွေနဲ့ နေ့စဥ်သုံးပစ္စည်းတွေက သူမမလာခင် အသစ်လဲထားတယ်ဆိုတာ သိသာပါတယ်။

သူမlugggageကို ချလိုက်ပြီး ကြမ်းပြင်ပေါ်ထားလိုက်သည်။ အဲ့ဒီနောက် သူမကျန်ရှိနေတဲ့ မုန့်ထုပ်တွေ အဝတ်တွေကို ထုတ်လိုက်ပြီး အံ့ဆွဲထဲ စနစ်တကျ စီစဥ်ထည့်ထားလိုက်၏။

နောက်တော့ အောက်ခြေက စာအုပ်တွေနဲ့ ဖတ်စာအုပ်တွေအလှည့်။

သူမ စာအုပ်နဲ့ ဖတ်စာအုပ်တွေကို ခွဲလိုက်ပြီး စားပွဲခုံ တစ်ဖတ်တစ်ချက်ဆီ ထားလိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now