Chapter-27 This is my living expenses (3)

5.5K 679 7
                                    

Unicode

"သမီးနားလည်တယ်။ အသက်ပြည့်သည်အထိပဲ သမီးကို ထောက်ပံ့ပေးမှာ"

လင်းရှီက အဲ့နောက်ပိုင်းကြ သူမကိုယ့်ကို စောင်ရှောက်လာနိုင်လိမ့်မယ်။ ပြီးတော့ လင်းမိသားစုပါဝါ သူမဆီသတ်ရောက်မှာ ပူစရာမလိုတော့ဘူ။

"ကျေးဇူးတင်ပါတယ်။ အဖေ!"
လင်းရှီက တည်ငြိမ်စွာ ဂူရှောင်းဆီ ကိုယ်ကို ကိုင်းညွှတ်ပေးလိုက်သည်။

ဂူရှောင်း, "........."

သူသေရင် ဘေးမှာရှိနေပေးပါမယ်လို့ပြောတုန်းက သူမအတည်ကြီးဖြစ်နေပုံကို သူပြန်တွေးမိလိုက်၏။ နောက်ပြီး သူမရဲ့လျှာဖျားလေးကတင် 'အဖေ'ဆိုတဲ့ စကားကို ဘယ်လိုများ ချောချောမွေ့မွေ့ပြောနိုင်ရတာလဲ။

........
ဂူရှောင်းက သူမပစ္စည်းတွေ ထုပ်ပိုးဖို့ ရှုဖေးကို ပြန်ခေါ်သွားခိုင်းလိုက်သည်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ နေခဲ့တဲ့ ယာယီတိုက်ခန်းလေးဆီ ရောက်သွားတော့ သူမရဲ့ပစ္စည်းတွေနဲ့ ဖတ်စာအုပ်တွေကို luggageထဲ ပျာပျာသလဲထည့်လိုက်၏။

......
ရုံးခန်းကို လင်းရှီပြန်ရောက်သွားတဲ့အချိန်မှာ ဂူရှောင်းက သုတေသနစာတမ်းတွေကို ဖတ်နေသည်။ ဒါကြောင့်မို့  လင်းရှီကလည်း ဆိုဖာပေါ်မှာ တိတ်တိတ်လေးနေဖို့ ဆုံးဖြတ်လိုက်၏။

ညစာစားပြီးတော့ ဂူရှောင်း နောက်ထပ်meetingတစ်ခု တက်ရသည်။

ထိုည9နာရီလောက်မှ အလုပ်တွေအကုန် သူပြီးသွားခဲ့တယ်။

လင်းရှီက မျက်လုံးဝိုင်းကြီးနဲ့ သူကို စိတ်လှုပ်တရှား ကြည့်နေရင်း

"အလုပ်ပြီးသွားပြီလား အဖေ?"

သူjacketကို ကောက်ပြီး ထလာတာကိုတွေ့လိုက်တော့ လင်းရှီလည်း သူနဲ့အတူ ထရပ်လိုက်သည်။

"အခု အိမ်ပြန်တော့မှာလား အဖေ?"

ဂူရှောင်း အခုတက်ထိ 'အဖေ'ဆိုတဲ့ စကားလုံးနဲ့ အသားမကျသေးဘူး။
"အင်း, သွားရအောင်"
ဂူရှောင်း တောင့်တောင့်ကြီးဖြင့် ပြန်ဖြေလိုက်ကာ

လင်းရှီ, "အိုခေ"

.......
လင်းရှီက NTNနည်းပညာစင်တာနဲ့ရော တက္ကသိုလ်တစ်ခုနဲ့ပါ အတန်သင့်နီးတဲ့ ဂူရှောင်းရဲ့အိမ်ကို လိုက်သွားလိုက်သည်။ သူမက လမ်းတစ်လျှောက်လုံး တော်တော်ပျော်နေပုံရတယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီDonde viven las historias. Descúbrelo ahora