Chapter-8 a nightmare (1)

4.9K 644 10
                                    

Unicode

ဘာကပိုရယ်စရာကောင်းလဲဆိုရင် တစ်နေ့မှာကျောင်းက ကြေညာခဲ့သည်။ သူတို့ ဒါရဲ့အောက်ခြေအထိကို စုံစမ်းနေပြီး ဒီကောလဟာလနောက်ကွယ်က လူကိုရှာကာ ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုပြီး ကြေညာခဲ့၏။ ဒါပေမယ့် နောက်နေ့ကျတော့ အားလုံးကို မေ့ပျောက်သွားပုံပေါ်တယ်။ နောက်ထပ် ဘယ်တော့မှ ဖော်ပြခြင်းမခံရတော့ပေ။

လင်းရှီလည်း သက်ပြင်းချလိုက်ပြီး ဖတ်စာအုပ်တွေကို ကျောပိုးအိတ်ထဲအ
မြန်မြန်ထိုးထည့်လိုက်တော့သည်။

...........
လင်းရှီက စာသင်ခန်းကနေထွက်လာပြီး သိပ္ပံဓါတ်ခွဲခန်းကို သွားလိုက်သည်။

"ဆရာ သမီးအရင်က ဓါတ်ခွဲခန်းထဲမှာ စာရေးကိရိယာတွေကျန်ခဲ့လို့"
လင်းရှီက ဓါတ်ခွဲခန်းရှေ့က အစောင့်ဆရာကိုပြောလိုက်ကာ။

ဆရာတစ်ယောက်က စာတော်တဲ့ကျောင်းသားက ပြောတဲ့စကားဆို ဘယ်တော့မှ မေးခွန်းထုတ်မှာ မဟုတ်ဘူး။ ဆိုတော့ လင်းရှီကို အထဲဝင်ခွင့်ပြုလိုက်၏။

သူမရဲ့ကိုယ်ပိုင် အလုပ်ခန်းလေးဆီလျှောက်လာပြီး လင်းရှီအံဆွဲကို ဆွဲဖွင့်လိုက်သည်။ အံ့ဆွဲထဲမှာတကယ်ကို သူမအရန်အဖြစ်ချန်ထားတဲ့ ဘောပင်အနည်းငယ်ရှိနေသည်။ သူမ ဘောပင်တွေကိုမြန်မြန် ကျောပိုးအိတ်ထဲ ထည့်လိုက်ကာ တစ်ချိန်တည်းမှာပဲ သူမတို့လက်တွေ့စမ်းသပ်မှုလုပ်ရာမှာ သုံးတဲ့ အပိုလျှပ်စစ်ပစ္စည်း အပိုင်းအစတွေနဲ့ ဝိုင်းယာကြိုးတွေကို အံဆွဲထဲကနေ ကောက်ထည့်လိုက်သည်။

အံဆွဲတိုင်းမှာ အသုံးဝင်တဲ့ပစ္စည်းတွေရှိသည်။ ဒါပေမယ့် လင်းရှီကပစ္စည်းတွေ အများကြီးမလိုပါဘူး။

အဲ့ဒီနောက် သူမက ဆရာနားနေခန်းကို သွားခဲ့သည်။

စုန်ခယ်ရှင်းက လင်းရှီအတွက် အချိန်ပိုတွေမဖြစ်အောင် လုပ်ပေးပြီးသားဆိုတော့ သူမကလည်း သူမကိုကျောင်းစောစော ဆင်းပေးဖို့ခွင့်ချက်မရခင်အထိ ဆရာတွေကို မြန်မြန်ဘဲစကားပြောလိုက်တယ်။ ( စုန်ခယ်ရှင်းကလင်းရှီ ကျောင်းစောစောဆင်းလို့ရအောင် ဆရာတွေကို ပြောထားပြီး အချိန်မကြာအောင်လုပ်ပေးထားတယ်လို့ ဆိုလိုတာပါ။ )

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီTahanan ng mga kuwento. Tumuklas ngayon