Chapter-15 A valedictorian would always be a valedictorian (2)

5.1K 657 11
                                    

Unicode

ရုတ်တရက် သူမအကြံတစ်ခု ရသွားခဲ့သည်။ ယဥ်ယဥ်ကျေးကျေးနဲ့ ဧည့်ကြိုကို မော့ကြည့်လိုက်သည်။
"သမီးတစ်ကယ် ဘော့စ်ဂူနဲ့ တွေ့ချင်လို့ပါ။ သူ့ကိုအရင်က တစ်ခါမှမတွေ့ဖူးပေမယ့် သူက သမီးကျေးဇူးရှင်မို့လိုပါ"

သူမက ဂူရှောင်းကြောင့်သာ မဟုတ်ရင် မွေးလာမှာမဟုတ်ဘူး။ နည်းစနစ်အရ ဆိုရင်တော့ သူက သူမကျေးဇူးရှင်ဆိုတာ မမှားဘူးမလား။

လင်းရှီက သူမမှာဖြစ်ပေါ်နေတဲ့ အပြစ်တင်တဲ့စိတ်ကို ဖိနှိပ်လိုက်ပြီး ပြောလိုက်သည်။
"သမီးက သူထောက်ပံ့ပေးတဲ့ ဆင်းရဲတဲ့ကျောင်းသူ တစ်ယောက်ပါ"

..............
ထိုစကားကို ကြားပြီး ဧည့်ကြိုရဲ့မျက်လုံးက အနည်းငယ်ဖြတ်ခနဲ ဖြစ်သွားပြီး သူမအကြည့်ထဲမှာ အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာသည်။

လင်းရှီက ဆက်ပြောခဲ့တယ်။
"သမီး သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်ချင်လို့ ရွာကနေလာခဲ့တာပါ"

သူမပြောပြီး သူမရဲ့ဒီလ လပတ်စာမေးပွဲရဲ့report cardကို ဧည့်ကြိုဆီ ထုတ်ပြလိုက်သည်။

report cardက ကြေမွနေပြီး လင်းရှီကို ပိုသနားစရာကောင်းစေခဲ့တယ်။

လင်းရှီအဲ့တာကိုတော့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်ပါဘူး။ သူမလင်းအန်ရှင်းကို ကယ်ဖို့ ရေကန်ထဲခုန်ချသွားတုံးက report cardက သူမအိတ်ကပ်ထဲရှိနေခဲ့တာ။ အဲ့တာက ရေစိုပြီး အခုလိုဖြစ်သွားတာ။

ကျောင်းနာမည်ကိုတော့ report card မှာရေးမထားဘူး။ ညာဘက်ထိပ်မှာတော့ ကျောင်းအမှတ်တံဆိပ်တော့ ပါတယ်။ ကံကောင်းတာက သူမအသက်အရွယ်အရဆိုရင် ဧည့်ကြိုအမကြီးက ဘယ်အလယ်တန်းကျောင်းအကြောင်းကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဆိုတော့ အဆင်မြင့်အလယ်တန်းကျောင်း တံဆိပ်ကို မှတ်မိမှာမဟုတ်ဘူး။

ဧည့်ကြိုက လင်းရှီ ဘာသာရပ်တစ်ခုစီမှာ အမှတ်များများနဲ့ အဆင့်တစ်ချိတ်တဲ့ report cardကို ကြည့်လိုက်တယ်။

"ဒါဆို မင်းက report card ကို ဘော့စ်ဂူဆီ ပြချင်တာပေါ့။ အဲ့လိုလား"
ဧည့်ကြိုက မေးလိုက်တယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now