Chapter-75

5K 576 16
                                    

She wasn't sure if it was her imagination, but she seemed to be followed. (2)

Unicode

ငါတို့ရဲ့အကိုယန်က တကယ်ကြီးလား?

ငါတို့ရဲ့အကိုယန်က အတည်ကြီးချစ်မိသွားတာလား?

တခြားသူတွေဆီက အကြည့်ကို လျစ်လျူရှုကာ ရှန်းရှို့ယန်က နောက်တစ်ကြိမ် သူမဆီက အကြည့်ခွာလျက် ခေါင်းကိုအောက် ငိုက်စိုက်ချကာ အိပ်ပျော်သွားသည်။

..........
ကျောင်းချိန်က ပြီးသွားလေတော့သည်။

ဂူရှီက သင်ကြားရေးတွေနှင့် နေသားကျလာပါပြီ။ လီမင်တုန်းက သူမ၏အရင်အခြေအနေကို ပြန်ရောက်သွားသကဲ့သို့ သူမခံစားရသည်။

ကျောင်းဆင်းသွားတော့ ဂူရှီသည် textbookတွေကို တစ်အုပ်ပြီးတစ်အုပ် ထည့်ပြီး ပုခုံးပေါ် ကျောပိုးအိတ်ကိုလွယ်ကာ ထွက်သွားတော့မလို့ ပြင်နေသည်။

သူမ ခြေနှစ်လှမ်းပဲ လှမ်းရသေးတယ်။ သူမ၏deskmateတုန်မင်မင် တားတာကို ခံလိုက်ရသည်။

"ဂူရှောင်ရှီ ဘာလို့ မြန်မြန်ကြီးသွားနေတာလဲ။ ငါ့ကိုစောင့်ဦး"

တုန်မင်မင်က လက်တစ်ဖက်ဖြင့် ဂူရှီကိုကိုင်ထားပြီး သူမ၏textbookတွေနှင့် စာရေးကိရိယာတွေကို ကျောပိုးအိတ်ထဲ အမြန်ကောက်ထည့်လိုက်သည်။

သူမက တစ်ချိန်တည်းမှာပဲ စိတ်မကောင်းတဲ့ပုံစံလေး ဖမ်းကာ တီတိုးပြောလာသည်။
တုန်နင်မင်,"နင့်ရဲ့ ချစ်လှစွာသောdeskmateလေးကို ထားသွားပြီး သူမ မပါဘဲတစ်ယောက်ထဲ ထွက်သွားဖို့ လုပ်နေတာ မဟုတ်ပါဘူးလို့ ငါ့ကိုပြောပေးစမ်းပါ"

တုန်မင်မင်၏ အတော်ဖော်ရွေတတ်သော personalityကြောင့် သူတို့နှစ်ယောက်က deskmateဖြစ်တာ တစ်ရက်သာရှိသေးပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်နှင့်တစ်ယောက် အတော်ရင်းနှီးနေပြီဖြစ်သည်။

တုန်မင်မင်၏စကားလုံးတွေကြောင့် ဂူရှီ ရုတ်ခြည်း ငေးတေးကြောင်တောင် ဖြစ်သွားရသည်။

"မဟုတ်ပါဘူး........"
ဂူရှီက ဆက်မပြောခင် ခဏနားလိုက်ကာ
"ငါ ပုစ္ဆာတစ်ပုဒ်ကို စဥ်းစားနေလို့ပါ"

"ဘယ်ပုစ္ဆာလဲ။ ငါတို့ တွက်ခဲ့တဲ့ နောက်ဆုံးသင်္ချာပုစ္ဆာလား။ ဘာလို့လဲ။ ငါတွက်ကြည့်တာတော့ အဖြေက သုညပဲရနေတုန်းပဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now