Chapter-149 "I have been elected the Student Representative."

5.1K 644 9
                                    

Unicode

"ခံစားရမှုအတွက်ကတော့ သက်ဆိုင်ရာ ခံစားမှုကို ထုတ်ပေးနိုင်ဖို့ဆိုရင် ငါတို့တွေ လျှပ်စစ်သံလိုက်လှိုင်းတွေကို အသုံးချပြီး လူတစ်ယောက်ရဲ့ အာရုံကြောကို လှုံ့ဆော်ပေးလို့ ရနိုင်လောက်မယ်"

"ဒါတွေက အခုထိ ငါစဥ်းစားလို့ရသလောက် အကုန်ပဲ"
ဂူရှီပြောပြီး လှည့်ကြည့်လေတော့ တုန်မင်မင်ပေါ်က လန့်သောအကြည့်နှင့် ရှော့ခ်ရမှုကို တွေ့လိုက်ရသည်။

...............
"နေဦး။ နေဦး။ နေဦး။ နောက်တစ်ခေါက်လောက် ပြန်ပြောပြလို့ရမလား"
တုန်မင်မင်သည် ဂူရှီ၏လက်မောင်းကို ကိုင်လိုက်သည်။

ဂူရှီအခုလေးတင် ပြောသွားတဲ့အရာတွေက သူမ၏လက်ရှိအသိဉာဏ်ပညာထက်ကို ပိုနေပြီဖြစ်သည်။ သူမဦးနှောက် ကောင်းကောင်းမလုပ်နိုင်ခင်တွင် ဂူရှီသည် ပြောတောင်ပြောပြီးသွားပြီဖြစ်သည်။

ဂူရှီ အနည်းလောက် ကြောင်သွားသည်။
"ငါရှင်းပြတာက သိပ်မရှင်းလို့လား"

တုန်မင်မင်သည် ခေါင်းညိတ်လိုက်ပြီး ထို့နောက် ခေါင်းခါလိုက်သည်။ ဂူရှီသည် ရှင်းရှင်းလင်းလင်းပြောပြသွားပြီး သူမနှုန်းကလည်း တော်သင့်ရုံသာဖြစ်သည်။ တုန်မင်မင်ကသာ အတော်လေး သဘောမပေါက်နိုင် ဖြစ်နေတာဖြစ်သည်။

"ဒါက တကယ်ကြီး လုပ်လို့ရတယ်ပေါ့"
တုန်မင်မင်သည် မနေနိုင်စွာ ထပ်မေးလိုက်သည်။ ဂူရှီပြောသွားသည့် အရာတိုင်းကို သူမ သဘောမပေါက်ပေမယ့် ထိုအရာက သေချာပေါက် အရမ်းမိုက်လိမ့်မည်။

"သီအိုရီအရဆိုရင်တော့ ဟုတ်တယ်"
ဂူရှီသည် ပြုံးလျက်ပြောလေသည်။

သူမ အပြီးသတ်productကို ထုတ်နိုင်သလား ဆိုရင်တော့ နိုးပါ။ သို့ပေမယ့် SLလူငယ်တီထွင်မှုပြိုင်ပွဲသည် အဆိုတင်သွင်းချက်တွေကိုသာ တောင်းဆိုပြီး အိုင်ဒီယာနှင့် တီထွင်မှုက ပြုလုပ်လို့ရတယ်ဆိုတာကို သက်သေပြနိုင်ရန်သာ လိုအပ်သည်။

တခြားပါရဂူတွေနှင့် ပရောဖက်ရှင်နယ် အဖွဲ့အစည်းတွေကတော့ productကို ထုတ်ချင်ထုတ်နိုင်မှာပေါ့။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now