Chapter-44 In addition, there seemed to be a recording. (1)

5.4K 632 26
                                    

Unicode

စုန်ခယ်ရှင်းက အကုသမခံရသေးဘူးလား။ သူတို့ရဲ့အစီစဥ်က သူမရဲ့ဘဝကို စုန်ခယ်ရှင်းဆီ ရောင်းလိုက်ဖို့လား။

အစီစဥ်က သူမရဲ့အင်္ဂါကို စုန်ခယ်ရှင်းဆီ ပြောင်းလို့ရအောင် ပထမဆုံး တစ်နည်းနည်းနဲ့ သူမကိုသတ်ပစ်ဖို့လား။

ထိုအတွေးက လင်းရှီကို ကျောရိုးထဲထိ အေးစိမ့်သွားစေသည်။

သူမက ဂူရှောင်း၏အဝတ်ရဲ့ထောင့်လေးကို လုံခြုံမှုကို ခံစားလို့ရလိုရငြား ဆွဲကိုင်မိလိုက်သည်။

.........
ထိုအချိန်တွင် တစ်ခန်းလုံးက ကြမ်းပြင်ပေါ် ဆံပင်မွေးကျသွားသည်ကို ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားသည်။

ဘာမှပြောနေစရာ မလိုတော့ဘူး။

ဂူရှောင်း,"လင်းရှီ လင်းမိသားစုနဲ့ နေတာက ကောင်းတယ်လို့တော့ ကျွန်တော်မထင်ဘူး"

"ကလေးရဲ့အဖေအနေနဲ့ ကလေးကို ကျွန်တော်နဲ့ခေါ်သွားမယ်။ သူဌေးဂူနဲ့လင်းမိသားစုက အလျော်စားပေးစေချင်တယ်ဆိုရင် 14နှစ်အတွင်း လင်းရှီအတွက် ကုန်ကျစရိတ်တွေကို ကျွန်တော်ပြန်ပေးနိုင်ပါတယ်"

လင်းရိဇယ် မျက်နှာကြီး မည်းကျသွားသည်။ သူ့မှာ ဘာမှမပြောစရာ မရှိတော့ဘူး။ ဂူရှောင်း ကောင်းကောင်းပြင်ဆင်ပြီးမှ လာတယ်ဆိုတာ သိသာတယ်။ အခု ဂူရှောင်း ပြောသမျှလုပ်ပေးရတော့မှာပဲ။

လင်းရှီကို သူနှင့်ထည့်ပေးလိုက်တာက အကောင်းဆုံးပဲအဖြေသာ ဖြစ်သည်။

ပြီးတော့ သူတခြားအကြံကိုလည်း မတွေးတတ်တော့ဘူး။

စဥ်စားချင့်ချိန်ပြီးနောက် လင်းရိဇယ်ပြောတော့မလို့ လုပ်တုန်းရှိသေး တစ်ချိန်လုံး မျက်နှာပျက်စွာ နှုတ်ဆိတ်နေတဲ့ စုန်ခယ်ရှင်းက ထရပ်လိုက်ကာ အထိန်းချုပ်လွတ်သွားသည်။

"ရှင်မှန်တယ်။ ကျွန်မ ကလေးအပေါ် မကောင်းခဲ့ဘူး။ ဒါပေမယ့် အဲ့တာကျွန်မအပြစ်လား"

"သူမက ဘယ်တော့မှ မွေးမလာခဲ့သင့်ဘူး။ ကျွန်မ ကလေးကို မလိုချင်ခဲ့ဘူး။ အဲ့တာတွေက ရှင့်ကြောင့်! ရှင့်အပြစ်တွေပဲ! ရှင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီမတော်တဆကလည်း ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်မရဲ့ပထမဆုံးကလည်း လင်းရိဇယ်အတွက် ဖြစ်သွားပြီး ကျွန်မတို့မိသားစုမှာ ကလေးတစ်ယောက်ပဲ ရှိလာလိမ့်မယ်"
စုန်ခယ်ရှင်းက ဂူရှောင်းကို အရူးလို စွပ်စွဲကာ အကုန်လုံးအတွက် သူ့ကို အပြစ်တင်လိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now