Chapter-141 Gu Xi's number of votes was shooting up.

5.7K 640 17
                                    

Unicode

ဂူရှောင်း၏စကားကို ကြားပြီး သခင်ကြီးဂူ မပျော်ရွှင်တော့ပါ။ သူသည် ဂူရှောင်းကို အကြည့်စူးတစ်ချက် ပေးလိုက်ကာ
"မင်းကိုယ်မင်း ရှီရှီနဲ့ လာယှဥ်နေတာလား"

ဂူရှောင်း,"............"

.........
"ကဲကဲ သူမက အိပ်ပျော်နေပြီပဲ။ ဘာလို့ မင်းနဲ့အိမ်ပြန်ခေါ်သွားချင်နေသေးတာလဲ။ မင်းတို့နှစ်ယောက် ဒီနေ့ည ဒီမှာဘဲ အိပ်လိုက်ကြလေ"

ထို့သို့ပြောပြီး ဂူရှောင်း မငြင်းနိုင်ခင် သခင်ကြီးဂူသည် အိမ်ကအန်တီကြီးကို ဂူရှီ၏အိပ်ရာအား ကူပြင်ရန် ပြောလိုက်သည်။

..........
ထို့ကြောင့် ဂူရှီသည် မနက်အိပ်ရာထလာပြီး မရင်းနှီးသည့် ပတ်ဝန်းကျင်ကို တွေ့ရချိန်၌ သူမ စိတ်မကြည်မလင်ဖြစ်သွားရသည်။

သူမ sleep walkingဖြစ်နေတာလား။ ဒါမှမဟုတ် ကူးပြောင်းခံရတာလား။

ဂူရှီသည် ပေါက်ကရအတွေးပေါင်းစုံ တွေးနေမိသည်။

သို့စေကာမူ ဂူယန်လင်းနှင့် တခြားသူတွေဆီမှ တိရိစ္ဆာန်အရုပ်နှင့် collectionအပုံကြီးကြောင့် ဂူရှီသည် အဖိုး သူမအတွက် ပြင်ပေးထားသော အခန်းထဲသို့ ရောက်ရှိနေကြောင်း အမြန်သိရှိသွားရသည်။

သူမအိပ်ရာဘေးတွင် အဝတ်စားသစ်တွေ ရှိနေပြီး ရေချိုးခန်းထဲတွင် သွားတိုက်တံနှင့် တာဝါတွေ အသင့်ရှိနေပြီးသားဖြစ်၏။

အိမ်က သူမ၏ကျောပိုးအိတ်ကိုတောင်မှ ဒီကို ယူထားပြီးပြီဖြစ်သည်။

ဤသို့သောအပြုအစုနှင့် နေသားကျစေရန် ဂူရှီ အချိန်အနည်းငယ်လောက် ယူလိုက်ရသည်။

သူမ အလျှင်အဆင်သင့် ပြင်လိုက်သည်။

သူမ တံခါးကို ဖွင့်လိုက်လေချင်း သူမအခန်းရှေ့တွင် ရပ်နေသော ရှည်လျားလျား ဂူယန်ရှောင်နှင့် ဂူချန်းရီကို မြင်လိုက်ရသည်။

"ဘာလုပ်နေကြတာလဲ"
လန့်သွားလျက် ဂူရှီ မေးလေသည်။

"ဒီနေ့က တနင်္လာနေ့ဆိုတာကို မင်းမေ့သွားမှာ ငါတို့စိုးရိမ်နေတာ။ အဲ့တာကြောင့် လာပြီး မင်းကို နိုးမယ်ဆိုပြီးတွေးနေတာ"
ဂူယန်ရှောင်က အပြုံးဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလေသည်။ ခဏလောက်ရပ်ပြီး သူက ဆက်ပြောသည်။
"ငါတို့ ဒီကိုရောက်တော့ မင်းလည်း ထွက်လာတာပဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now