Chapter-131 It was Gu Xuan, along with Gu Chenyi. (2)

5.1K 638 2
                                    

Unicode

"နောက်ရက်နည်းနည်းလောက်မှာ ဆောင်းလယ်ပွဲတော်ရောက်မှာ။ သွားမယ်ဆိုရင် ရှောင်ရှီအတွက် ဝတ်စုံလှလှတစ်စုံ ပြင်ဆင်ထားသင့်လား"

အန်တီမိုင်သည် ဂူရှီအတွက် ဝတ်စုံအကြောင်း မေးနေပုံရပေမယ့် တကယ်တမ်းတွင် သူမက ဂူရှောင်း ဂူမိသားစုဆီကို သွားလိမ့်မလားဆိုတာကို သွယ်ဝှက်သောနည်းလမ်းဖြင့် သိချင်နေတာဖြစ်သည်။

..............
သခင်ကြီးဂူသည် မစ္စတာဂူ ရှောင်ရှီကို အိမ်ပြန်ခေါ်လာမည်နှင့် ပတ်သတ်၍ စိတ္တဇတွေဖြစ်နေခဲ့သည်။ စောစောက ဤနှစ်ယောက် အိမ်တွင်မရှိချိန်တုန်းက ဆောင်းလယ်ပွဲတော်အတွက် ဂူရှောင်း အိမ်ပြန်မလာမှာကို စိုးရိမ်နေသော သခင်ကြီးဂူသည် အကြိမ်များစွာ ဖုန်းခေါ်ခဲ့သည်။

ဂူရှောင်းသည် သူမပြောတာကို ကြားချိန်တွင် အန်တီမိုင်ကို ကြည့်လိုက်သည်။
"အဆင်သင့်ပြင်ထားလိုက်ပါ"

ကြားလိုက်ရချိန်တွင် အန်တီမိုင်သည် ချက်ချင်း သူမပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာရသည်။
"အိုး ဟုတ်ပြီ။ အန်တီပြင်ထားလိုက်မယ်"

ထို့နောက် အပြုံးပန်းကြီးကြီးဖြင့် သူမက ထပ်ပေါင်းပြောလေသည်။
"သခင်ကြီးဂူ ပျော်နေမှာ သေချာတယ်"

ဂူမိသားစုက လူတွေသည် ဂူရှောင်း ဂူရှီကို ပြန်ခေါ်လာရန် မျှော်လင့်စောင့်စားနေကြသည်။

သူတို့ကပဲ ဂူရှီကို တွေ့ဆုံရန် မျှော်လင့်နေကြသည်မဟုတ်၊ ဂူရှီသည်လည်း တခြားဂူမိသားစုဝင်တွေနှင့် တွေ့ဆုံရန် စောင့်မျှော်နေတာဖြစ်သည်။

ထို့ကြောင့် ဆောင်းလယ်ပွဲတော်အကြိုနေ့တွင် ဂူရှီသည် အိပ်လို့မရဘဲ ထိုအစား ဂူရှောင်း၏စာကြည့်ခန်းရှေ့တွင် အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

အမှန်က သူမသည် နောက်နေ့အတွက် ဂူရှောင်း၏စီစဥ်မှုက ဘာလဲဆိုတာကို သိချင်နေခြင်းဖြစ်၏။ သူ သူမကို ဂူမိသားစုဆီကို ခေါ်သွားပေးမှာလား။ ခေါ်မယ်ဆိုရင်လည်း ဘယ်အချိန် သူတို့ထွက်ကြမှာလဲ။

စာကြည့်ခန်းထဲတွင် နောက်ဆုံးတော့ ဂူရှောင်းသည် သူ့အာရုံစိုက်မှုကို ရရှိရန် ကြိုးစားနေသော ကောင်မလေးကြောင့် အနည်းငယ် ကသိကအောက်ဖြစ်လာရသည်။ သူသည် စာရွက်စာတမ်းအပုံကြီးကနေ အကြည့်လွှဲ၍ စာကြည့်ခန်းရှေ့တွင် 10မိနစ်ကျော်လောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့် ဂူရှီကို ကြည့်လိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now