Chapter-114 He hung up on Gao Zifeng before he could say anything else. (1)

5.3K 638 4
                                    

Unicode

လီမင်ဘက်က လူတွေကလည်း သွားကြည့်ပြီး နောက်တစ်စက္ကန့်တွင် မှင်သေသေသွားကြရသည်။

သူတို့က ကောင်ကျစ်ဖန် လိမ်ပြီး ဂူရှီကို စွပ်စွဲခဲ့၍ ရှော့ခ်ရသွားသည်သာမဟုတ် ဂူရှီသည် ကောင်ကျစ်ဖန်ထက် အများကြီး ပိုကောင်းကောင်းဖြေနိုင်ခဲ့သည့်အတွက်လည်း ဖြစ်သည်။

...............
ဂူရှီနှင့် ရှန်းရှို့ယန်သည် သူတို့မေးခွန်းစုံကိုပြီး၍ ခန်းမထဲမှ ထွက်ခွာလာကြသည်။ နားနေareaထဲကို သူတို့မဝင်ရသေးခင် HSAUက လူတွေအကုန်လုံးသည် စိတ်လှုပ်တရှား ရောက်လာကြသည်။

"သူတို့ရောက်လာကြပြီ! ရောက်လာကြပြီ!"

"နတ်ဘုရားရှို့၊ နတ်ဘုရားမရှီ အရမ်းအံ့သြဖို့ကောင်းတာပဲ"

"မြန်မြန် မြန်မြန် ကျွန်တော်တို့၏နတ်ဘုရားနှစ်ပါးခင်ဗျ။ ကျေးဇူးပြုပြီး ဘယ်လိုမျိုး ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုတာကို ဝေမျှပေးပါဦး"

"ဟုတ်တယ်။ ဟုတ်တယ်။ အခုမင်းတို့ ဘယ်လိုခံစားနေရလဲဆိုတာကို ငါတို့သိချင်တယ်။ ပြီးတော့ အဲ့ပုစ္ဆာတွေတွက်နေတုန်းက ပျော်ရောပျော်ခဲ့ရလား"

ဂူရှီသည် သူမteammateတွေ၏ စိတ်လှုပ်ရှားမှုကို ခေါင်းရှုပ်တွေဝေသွားရသည်။ :ဘာတွေဖြစ်နေတာလဲ။

"ဘာတွေဖြစ်နေတာလဲ"
ဂူရှီမှ သံသယဖြင့် မေးလေသည်။

သူမဘေးနားလေးက ရှန်းရှို့ယန်တောင်မှ တွေဝေနေရသည်။

ဂူရှီ,"အမှတ်တွေက ထွက်နေပြီးသားဖြစ်နေလို့လား"

ထိုစကားကိုကြားပြီး HSAUကလူတွေသည် သူတို့ဘာလို့မေးနေတယ်ဆိုတာကို သဘောပေါက်သွားပြီး အကျယ်တဝင်းရှင်းပြကြသည်။
"နောက်ဆုံးအမှတ်တွေ ထွက်လာပြီလားဆိုတာကတော့ ငါတို့မသိဘူး။ ဒါပေမယ့် မင်းတို့ရဲ့ပြိုင်ပွဲတစ်ခုလုံးက ဒီတစ်ခါမှာ broadcast liveကြီးနော်"

"ဟုတ်တယ်။ မင်းတို့အခုထိ မသိသေးလောက်ဘူးဆိုပေမယ့် time-limitအပိုင်းက မေးခွန်းတွေအကုန်လုံးကို မင်းတို့မှန်ခဲ့တယ်"

–စုစုပေါင်း မေးခွန်း600။ ​မေးခွန်း600စလုံးကို မှန်သည်ဆိုသည်က ကြောက်စရာပင်ကောင်းလှသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now