Chapter-137

5K 654 9
                                    

She had seen that name before. Except it was Xie Yaobai, not Gu Yaobai. (2)

..........
Unicode

သခင်ကြီးဂူအသံက အဆင်ပြေပါတယ်။ ဘာမှ ပုံမှန်မဟုတ်တာ ရှိပုံမရချေ။

သခင်ကြီးဂူပြောပြီးနောက် တခြားလူတွေသည် စတင်ရွေ့လျားကြသည်။

ဂူယောင်ပိုင်နှင့် ဂူရွှယ်အာလည်း သခင်ကြီးဂူနောက်က လိုက်ကာ ထမင်းစားခန်းဘက်ကို ဝင်သွားကြသည်။

............
ထိုအချိန်တွင် အန်တီမိုင်သည်လည်း ရောက်ရှိလို့လာသည်။

သူမက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့ခြင်းဖြစ်သည်။ အကုန်လုံးလုပ်ပြီးသွားချိန်၌ သူမအခန်းကို ပြန်ကာ ဆီဂျေးဆော်နံနေသော အဝတ်စားတွေကို လဲလှယ်လိုက်သည်။

ဂူယောင်ပိုင်ကို တွေ့ကာ အန်တီမိုင် အနည်းငယ် တွေတွေဝေဝေ ဖြစ်သွားရသည်။
"တတိယသခင်လေးက ဒီနေ့လာတယ်"

ပြောဆိုပြီးနောက် အန်တီမိုင်သည် ဂူရှီပေါ်က ကြောင်တောင်တောင်အကြည့်လေးကို မြင်မိသွားသည်။ သခင်ကြီးဂူက သူတို့ကို မိတ်ဆက်ပေးဖို့ မေ့သွားတာ ဖြစ်လောက်မည်ဟု သူမ တွေးလိုက်သည်။ လျှောက်လာလျက် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလေ၏။
"ဒါက ဂူမိသားစုရဲ့ တတိယမြောက်အကိုလေးလေ။ သမီးသူ့ကို တတိယအန်ကယ်လေးလို့ ခေါ်လို့ရတယ်။ သူ့ဘေးက တစ်ယောက်က သူ့သမီး။ သူမက သမီးထက် တစ်နှစ်ကြီးတယ်"

အန်တီမိုင်ပြောပြတာက ဂူရှီ၏ရှုပ်ထွေးမှုကို မရှင်းလင်းသွားစေသည့်အပြင် ပို၍တောင် ရှုပ်ထွေးသွားစေသည်။

ဂူရှောင်းက မိသားစုထဲမှာ ဒုတိယမြောက်လေ။ ပြီးတော့ အန်ကယ်လေးက စတုတ္ထမြောက်။ သူတို့က အသက်ရွယ်အားဖြင့် 2နှစ်အောက်လောက်သာ ကွာကြသည်။ ဘယ်လိုမျိုး သူတို့ တတိယမြောက်အကိုကို ကြားထဲမှာ ရခဲ့တာလဲ။

ဂူရှီသည် အတွေးရထားကို အဝေးသို့ မခုတ်မောင်းနိုင်ခင် သခင်ကြီးဂူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ရာ မူမမှန်ဖြစ်နေပြီး သူ့နောက်က မြေးမလေးက ပုံမှန်ဟုတ်မနေဘူးဆိုတာကို သတိထားမိသွားသည်။ သူက ရပ်ကာ ပြန်လှည့်ပြီး ဂူရှီကို ခေါ်လိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now