Chapter-88

5.2K 599 13
                                    

Why did he feel that his boss had been very out of character as of late? (4)

............
Unicode

သူmood ကောင်းနေစဥ် သူမ ရှင်းရှင်းလင်းလင်းနှင့် သူ့ID numberကိုသုံးပြီး သူမ စာရင်းသွင်းခဲ့ကြောင်း သူ့ကို ပြောပြလိုက်သင့်လား။

ဂူရှီဆုံးဖြတ်ချက် မချနိုင်သေးခင် ဂူရှောင်းသည် သူမကို ပြောလာသည်။
"ငါ စာကြည့်ခန်းထဲမှာ ရှိနေမှာ။ မင်းပြီးသွားရင် လက်မှတ်ထိုးဖို့ homework assignment တွေကို ငါ့ဆီယူလာပေး"
ဂူရှောင်း လှည့်ပြီး ပြန်သွားလေသည်။

"Oh ဟုတ်ကဲ့"

..............
တစ်ဖတ်တွင် friend's circleထဲ၌ ဟိုပွတ်ဒီဆွဲလုပ်နေသော ရှုဖေးသည် သူ့ဘော့စ်ရှဲလိုက်သော နောက်ထပ်ဆောင်းပါးတစ်ပုဒ်ကို မြင်လိုက်သည်။

နောက်ထပ် public soft-skill ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ မိဘများက စံပြအဖြစ် ဦးဆောင်ပေးမှု၏ အရေးပါပုံ

Likeကို အနည်းငယ် တစ်ဆက်ဆက်တုန်ကာ နှိပ်နေသော ရှုဖေး၏လက်,"......."

သူ့ဘော့စ်၏ပုံစံပြောင်းလာတာက ရုတ်ခြည်းဆန်လွန်းသည်ဟု သူဘာကြောင့် ခံစားနရပါလိမ့်။

အဓိကပြောချင်တာကတော့ သူ့ဘော့စ်သည် soft-skillဆောင်းပါးအောက်မှာ messageတောင်ချန်ထားလိုက်သေးသည်။
"လူတစ်ယောက်က ထွန်းတောက်နေမှ သူတို့ကလေးတွေရဲ့ ဥပမာကောင်းဖြစ်လာနိုင်လိမ့်မယ်"

ဒီစာကြောင်းထဲကနေ သူ့ဘော့စ်ကြွားနေတာက ဘာလဲ။

ဒါက လူတစ်ယောက်က ကလေးရှိသွားရင် ကွဲပြားလာမှုလား။ သူ့ဘော့စ်က နောက်ရက်နည်းငယ်မှာ friend's circleထဲမှာ အယူအဆဆွေးနွေးပွဲတွေကို ထောင်တော့မလားပင်ဖြစ်သည်။

ရှုဖေး တစ်ကိုယ်တည်း ရေရွတ်နေလိုက်သည်။ သို့ပေမယ့် သူ မသိခဲ့သည်က သူပြောခဲ့တဲ့အရာက တစ်နေ့မှာဖြစ်လာလိမ့်မယ်ဆိုတာကို ဖြစ်၏။

.............
နောက်တစ်နေ့တွင် ဂူရှီကို ကျောင်းအုပ်ရုံးခန်းသို့ အခေါ်ခံရသည်။

သူမနှင့်အတူ ပူးတွဲသိပ္ပံပြိုင်ပွဲ ဝင်ပြိုင်မယ့် တခြား7ယောက်လည်း အခေါ်ခံရလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now