Chapter-62 "Gu" as in Gu Shao and "Xi" as in Zhenxi (cherish). (1)

5.4K 598 4
                                    

Unicode

"ပြီးတော့ စားသောက်လို့ အဆင်ပြေမယ့်မုန့်တွေရော ထည့်ထား။ ကျန်းမာရေးအတွက် ကောင်းမယ့်ဟာကိုပြောတာ"

ကားဒရိုက်ဘာ,"ဟုတ် ကျွန်တော်အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်ပါမယ်"

ကားနောက်ခန်းတွင် ဂူရှောင်းသည် သူ့ဘေးက ကောင်မလေးကို လှမ်းကြည့်ကာ သူ့၏jacketကို ခြုံပေးလိုက်သည်။

.........
သူမကဒီရက်ပိုင်း ဂူအိမ်မှာ နေနေသည်ကြောင့်ဖြစ်နိုင်သည်။ အခုဆို လင်းရှီက ဂူရှောင်း၏ရနံ့နှင့် ပိုပြီးရင်းနှီးလာပြီဖြစ်သည်။

ဂူရှောင်း၏jacketက အဖေဆိုသည့်ရနံ့က လင်းရှီအား လုံခြုံမှုကို အထူးတလည်ခံစားလိုက်ရသည်။

လင်းရှီက jacketကို ဆွဲကာပွတ်လိုက်ပြီး သိပ်သက်သောင့်သက်သာ မဖြစ်၍ထင် သူမကဂူရှောင်းဆီကို တိုက်ရိုက်မှီချလာသည်။

သူမက ခေါင်းအုံးပေါ်တွင် ခေါင်းမလွဲချင်လောက်အောင်ဖြစ်နေပြီး ခေါင်အုံးကို ကိုယ်နေဟန်ထားကောင်းကောင်းနှင့် အိပ်နေသကဲ့သို့ ဂူရှောင်း၏လက်မောင်းကို မှီလျက် လင်းရှီဟာ နှစ်နှစ်ခြိုက်ခြိုက်ဖြင့်အသက်ရူသံလေးက ပိုပြင်းလာစွာ ဆက်အိပ်နေ၏။

အိပ်ပျော်သွားပြီးနောက် လင်းရှီကပဲ အိုက်လာတာလား၊ သူမအရွယ်ကလေးတွေကပဲ အပူချိန်မြင့်ကြတာပဲဆိုသည်ကို ဂူရှောင်းသေချာမသိပေ။ လင်းရှီစပြီးချွေးတွေထွက်နေသည်ဆိုသည်အား ဂူရှောင်းသတိထားမိဖို့ အချိန်အနည်းငယ်ကြာလိုက်သည်။

သူမ၏အနည်းငယ်ချွေးစိုနေသော ဆံပင်တွေက ဂူရှောင်းလက်မောင်းပေါ် ရောက်နေသည်က ကျေနပ်စရာခံစားချက်တော့မဟုတ်ပါချေ။

ဤသည်ကား ကြီးမားသောစိန်ခေါ်မှုကြီးဖြစ်သည်။ အထူးသဖြင့် အသန့်ရှင်းကြိုက်တဲ့ရောဂါရှိသည့် တစ်ယောက်သောသူအတွက်ပေါ့။

သို့သော်ငြား ဂူရှောင်းက ဒါကိုစိတ်ပျက်ရွံရှာမှု မဖြစ်ခဲ့ပေ။ ဂူရှောင်းကိုယ်တိုင်လည်း အံ့သြမိလေသည်။

ကားရှေ့ခန်းက ဝမ်ဝူသည် အဖေနှင့်သမီးကို ကားမှန်ကနေ ချောင်းကြည့်လိုက်သည်။ စတီးလိုယောက်ျားတစ်​ယောက်ကိုတောင်မှ နူးညံ့သောအပြုံးလေး ပေါ်ပေါက်လာစေသည်။–Mr.Guနဲ့ မမလေးက အရင်ကဝေးကွာသလို ဖြစ်နေတယ်ဆိုပေမယ့် လာမယ့်ရက်တွေမှာတော့ အရာအားလုံးက ပိုပိုကောင်းလာပြီး တိုးတက်လာလိမ့်မယ်မလား?

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now