Chapter-179 That turned into an inexplicable incident at HSAU.

3.2K 450 8
                                    

Unicode

သခင်ကြီးဂူနှင့်ပတ်သတ်သောအရာလေးတွေကို ဂူယောင်ပိုင် ရထားပါသည်။ သို့ပေမယ့် ထိုအရာများကို သူ့အဖေဆီ ပေးလိုက်ပြီဖြစ်ရာ။ ထို့အပြင် ထိုကစဉ်ကပင် ဤကိစ္စကို မကြားရတော့ပေ။

နောက်ဆုံးတွင် ဂူယောင်ပိုင်သည် လင်းရိဇယ်ကို ပြောလိုက်သည်။
"အချိန်မရောက်သေးဘူး" သို့သော်ငြား တကယ်မှာတော့ သူသည် ဂူမိသားစုကို ရှင်းရန် ကြံစဉ်နေပြီဖြစ်၏။ 

............

လင်းမိသားစုဘက်တွင် ဖြစ်ပျက်နေသည်များကို ဂူရှီမသိချေ။ ဂူရှောင်း၏စောင့်ကြည့်မှုအောက်မှာပဲ သူမ၏အိမ်စာတွေ လုပ်ပြီးသွားသည့်နောက်တွင် ဖုန်းကိုင်နေလိုက်သည်။

ဖုန်းထဲက Albumကို ဖွင့်လိုက်ပြီး ပုံတစ်ပုံကို ရွေးသည်။ ထိုပုံမှာ ဂူယန်လင်း မသိလိုက်ခင် ရိုက်ထားသော ဂူယန်လင်း၏ပုံဖြစ်သည်။

Editလုပ်စရာ မလိုအောင် သူအရမ်းချောနေသလားဆိုတာကို သူမသည် သေချာစွာ ကြည့်နေသည်။ ထို့အပြီးတွင် သူမကိုယ်ပိုင်friend's circleထဲတွင် တင်လိုက်သည်။ Captionကမူ ကြွားဝါမှုအပြည့်ဖြင့်။ :[ချောတယ်မလား? ငါ့မိသားစုလေ။]

ဂူယန်လင်းအား ပို့စ်ကိုမမြင်ရန် တားကာ 'post'ဆိုသည့် ခလုပ်ကို နှိပ်လိုက်သည်။ ပြီးသွားပြီ!

ဂူယန်လင်းကို သူမ တားမြစ်ထားတာက လေပေါ်မြှောက်တက်သွားတာမျိုး မဖြစ်စေချင်လို့သာဖြစ်၏။

ဂူယန်လင်း ကြည့်ခွင့်မရှိသော ပို့စ်ကို တင်ပြီးသွားပြီးနောက် ဂူယန်လင်းသည်လည်း ပို့စ်တစ်ခုတင်ထားကြောင်း သူမ တွေ့လိုက်ရသည်။ :[ငါတို့မိသားစုရဲ့မင်းသမီးလေးနဲ့ ပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်။]

ဓာတ်ပုံအောက်တွင် လူတစ်ယောက်ကို သူစာပြန်ထားသည်။ :[ချစ်စရာလေးမလား? ငါ့မိသားစုလေ။]

တင်ထားသည့်ပုံမှာ ဒီနေ့တွင် စောင့်ဆိုင်းဇရိယာ၌ ဂူယန်လင်း၏တောင်းဆိုချက်အရ ရိုက်ခဲ့သောပုံဖြစ်သည်။

ပုံထဲတွင် လူသုံးယောက်ရှိပေမယ့် အပိုလူ ရှန်းရှို့ယန်ကို ဂူယန်လင်းက editကာ ဖြတ်ထုတ်ထားသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now