Chapter-65

5.3K 608 7
                                    

"You tell him. If he doesn't come back then, he never needs to come back again. (1)

Unicode

သူမ၏ personal recordထဲက ကျောင်လိုင်တျီဆိုသောနာမည် ပျက်သွားတာကိုမြင်မှ ဂူရှီ သက်သာရာရစွာ သက်ပြင်းချမိလိုက်သည်။

နောက်တော့ ဂူရှောင်းက လင်းရှီဆိုတဲ့နာမည်ကိုပါ သူမrecordထဲက လုံးဝဖြတ်ခိုင်းလိုက်တယ်ဆိုသည်ကိုတော့ သူမ မသိလိုက်ပေ။

.........
ID cardကဖို့ရတော့ ရက်အနည်းငယ်လောက် ကြာလိမ့်မယ်။ ဒါပေမယ့် ဂူရှီ၏informationတွေကတော့ ဂူရှောင်း၏အိမ်ထောင်စုဇယားဆီကို ထည့်လိုက်ပြီဖြစ်သည်။

သူ့လက်ထဲက အိမ်ထောင်စုဇယားကို ကလေးကအရုပ်ကြည့်သလိုမျိုး ဂူရှီဟာ လှမ်းကြည့်နေသည်ကိုမြင်ရတော့ ဂူရှောင်း ရယ်ချင်စရာကောင်းသည်ဟု တွေးလိုက်မိပြီး ဂူရှီဆီကို အိမ်ထောင်စုဇယားပေးလိုက်သည်။

အိမ်ထောင်စုဇယားကို ရသည့်အခါမှာ ဂူရှီသည် တစ်ကိုယ်တည်းပြုံးနေ၏။

ပထမဆုံး သူမ စာမျက်နှာအသစ်ဆုံးကို လှန်လိုက်လေသည်။ သူမအကြောင်းရေးထားတဲ့ စာမျက်နှာပေါ့။ ဂူရှီသည် ထိုစာမျက်နှာကို တစ်ဖန်ပြီးတစ်ဖန် ပြန်ကြည့်နေ၏။ ပြီးမှ ဂူရှောင်းအာရုံမစိုက်မိချိန်ကြမှ သူ့informationအကြောင်း စာမျက်နှာကို လှန်လေသည်။

"March 17"
သူမက တိတ်တဆိတ် နေ့စွဲကို သူမမှတ်ဉာဏ်ထဲတွင် မှတ်သားထားလိုက်ပေသည်။

နောက်တော့ သူမအံ့အားသင့်သွားသည်။ ဂူရှောင်းက အရင်တုန်းက စစ်တပ်မှာနေခဲ့ဖူးတယ်။

သူမတွေးထားသည်က သူက academicသုတေသနနယ်ပယ်မှာပဲ အမြဲတမ်းနေခဲ့သည်ဟုသာ ဖြစ်သည်။

...........
သူတို့အိမ်ပြန်ရောက်တော့ အန်တီမိုင်က တံခါးပေါက်ဝမှာ စောင့်မျှော်နေသည်။

"Ah မင်းတို့နှစ်ယောက် ပြန်လာပြီပဲ။ အရာရာအဆင်ပြေရဲ့လား"

"Mmmm အရမ်းကိုအဆင်ပြေပါတယ်"
မမလေးဂူဟာ ခေါင်းညိမ့်လျက် အဖြေပေးလာသည်။

ဂူရှီ၏အပြုံးကို ကြည့်ပြီး အန်တီမိုင်လည်းပဲ ပြုံးမိသွားသည်။
"အင်း အဲ့တာဆိုလည်း ဝမ်းသာပါတယ်။ အင်္ကျီမြန်မြန်သွားလဲချည် ရှောင်ရှီ။ ခဏလောက်နားလိုက်။ မကြာခင်ညစာက အဆင်သင့်ဖြစ်တော့မှာ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now