Chapter 164- [52099 yuan had been deposited.]

4.5K 627 13
                                    

Unicode

"အခုလောလောဆယ် အဲ့တာက လက်ရှိဖြစ်နိုင်ချေကို ပြပေးတဲ့ conceptအဆင့်ပဲ ရှိသေးတာ။ ပြင်တာတွေ နောက်ထပ်testingတွေအတွက် လုပ်ဖို့ လုပ်စရာအများကြီးရှိသေးတယ်။ publicအတွင်း ရမလာခင် အချိန်ခဏတော့လိုအပ်လိမ့်မယ်"

ထိုအရာမှာ အကျိုးကြောင်းသင့်အဓိပ္ပါယ်ရှိလှပါသည်။

ဂူရှောင်း၏ရှင်းပြချက်ကို ကြားချိန်တွင် ဂူရှီသည် ပြင်းပြင်းထန်ထန်ခေါင်းညိတ်ပြလိုက်သည်။

.

........
တစ်စုံတစ်ရာကို တွေးမိကာ ဂူရှီသည် ထပ်ပြောလေသည်။
"အကဲဖြတ်က ပြောသေးတယ်။ T&S topicက အနာဂါတ်ကောင်းရှိပြီး အကျိုးကောင်းကောင်းရလိမ့်မယ်လို့။ အမှန်ပဲလား"

"အတော်လေး ကောင်းပါတယ်"

"ပြီးတော့ အဲ့ဒီconceptက သမီးတို့ပရောဂျက်ကနေ လာတာမလား"
ဂူရှီ နောက်ထပ်မေးမြန်းသည်။

ဂူရှီ၏မေးခွန်းတမ်းရှည်များကို နားထောင်ပြီး သူမ၏ သိချင်နေသောအကြည့်ကို မြင်ရကာ ရယ်စရာကောင်းလှ၏ဟု ဂူရှောင်း တွေးထင်မိသည်။ သူက သူမကို ပြန်မေးမြန်းလိုက်သည်။
"သွားကြည့်ကြည့်ချင်လား"

အင်းပေါ့။

ထိုအရာမှာ ဂူရှီ၏ခေါင်းထဲတွင် ပထမဆုံးပေါ်လာသည့် အရာပင်ဖြစ်သည်။

သို့သော် သူမ တည်ငြိမ်လာပြီးနောက် ဂူရှီသည် စတင်တွန့်ဆုတ်မိသွားသည်။ --တကယ့်productက ဘယ်လိုမျိုးလဲဆိုတာကို သူမ အရမ်းသိချင်မိပါ၏။ သို့ပေမယ့် တကယ့်အရာကို ကြည့်ပြီး သူမတို့၏ အကြမ်းဒီဇိုင်းကို ပြန်ကြည့်သည့်အချိန်တွင် ထိုအရာက သူမအပေါ် မကောင်းသဘော သက်ရောက်သွားမှာကိုလည်း သူမ စိုးရိမ်မိသည်။

အချိန်အတော်ကြာ ဒွိဟပွားပြီးနောက် ဂူရှီသည် အဆုံး၌ သူမနှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါပြလိုက်သည်။
"မကြည့်တော့ဘူး။ သမီးအထင် နည်းနည်းစောင့်လိုက်ဦးမယ်"

"တခြားအကြောင်းကိုပဲ ပြောရအောင်"
ဂူရှီက ဂူရှောင်းကို ရုတ်ခြည်းဆိုလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now