Chapter-26 This is my living expenses (2)

5.6K 697 23
                                    

Unicode

ဆိုဖာပေါ်ထိုင်နေတဲ့ လင်းရှီက ခုဏလေးက ရည်မွန်တဲ့ပုံစံမဟုတ်တော့ဘဲ ဆိုဖာအစွန်းဆီကို ခြေထောက်တွေ တွဲလောင်းချပြီး ရမ်းနေသည်။ သူမက ပျင်းနေပုံရတယ်။

‐---အပြုမူမရှိဘူး။

ဂူရှောင်းက စိတ်ထဲကနေ သူမကို မှတ်ချက်ပေးလိုက်၏။

ထို့နောက် ရှုဖေးက တံခါးခေါက်ပြီး အသစ်စက်စက် စစ်ဆေးချက်ရလဒ်နဲ့အတူ ရုံးခန်းထဲ ဝင်လာခဲ့သည်။

"ဘော့စ်, စစ်ဆေးချက်ရလဒ်တွေ ရလာပြီ"
ရှုဖေး စစ်ဆေးချက်ကို ဂူရှောင်းဆီ ကမ်းကာ ပြောလိုက်၏။

.......
လုပ်ဆောင်ရတဲ့ တကယ်စမ်းသပ်ချက်တွေနဲ့ အသေးစိတ်အကြောင်းရာတွေက အရေးမပါဘူး။ ဒါကြောင့်မို့ ဂူရှောင်းက နောက်ဆုံးစာမျက်နှာဆီကိုပဲ လှန်ပြီး အထင်းသားရေးထားတဲ့ သုံးသပ်ချက်ကိုပဲ ဖတ်လိုက်တော့လေ၏။

လင်းရှီလည်း သုံးသပ်ချက်ကို ဖတ်ချင်လို့ အနားကပ်လာပြီး သူမဆန့်နိုင်သလောက် လည်ပင်းကိုဆန့်လိုက်သည်။

ကံမကောင်းစွာ ဂူရှောင်းက စစ်ဆေးချက်ကိုပိတ်လိုက်ပြီး ဘေးကိုချပြီးသားဖြစ်နေတယ်။ သူရဲ့ဖော်ပြချက်ကင်းမဲ့နေတဲ့အကြည့်ကြီးက ဘာမှကိုအကဲခတ်ကြည့်လို့မရဘူးပဲ။

လင်းရှီကို ကြည့်နေတဲ့ ဂူရှောင်းရဲ့အကြည့်တွေက ပိုပြီးတော့တောင် နက်နဲလာသည်။

လင်းရှီ လွန်ခဲ့တဲ့မိနစ်အနည်းငယ်လောက်က ယုံကြည့်ချက်အပြည့်နဲ့ ဆိုပေမယ့် သူမကိုကြည့်နေတဲ့ပုံစံကြီးကြောင့် စတင်စိုးရိမ်လာ၏။

"ဒါဆို သမီးက......."  အဖေ့ရဲ့သမီးအရင်းမလား?

လင်းရှီ စကားမဆုံးခင်မှာ ဂူရှောင်းဖြတ်မေးလိုက်သည်မှာ
"ငါက မွေးအဖေဆိုတာ မင်းဘယ်လိုသိလာတာလဲ?"

ကြားလိုက်ရတဲ့ ဂူရှောင်းရဲ့စကားပေါ်မူတည်ပြီး စစ်ဆေးချက်ရဲ့ သုံးသပ်ချက်က ဘာဆိုတာတွေးမိသွားတော့ လင်းရှီမျက်လုံးတွေ တဖျက်ဖျက်ခက်သွား၏။ သူတို့နှစ်ယောက်ရဲ့ ဆက်နွှယ်မှုကို အတည်ပြုပေးလိုက်ပြီပဲ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now