Chapter-77 She had perfected demonstrated what guilty conscience looks like. (2)

5.2K 589 3
                                    

Unicode

ချန်းကျစ်ယန်က ရယ်ချင်တာကိုထိန်းချုပ်လိုက်ပြီး ကားနောက်ခန်းက ဂူရှောင်းနှင့် ဂူရှောင်းဘေးမှာ နာနာခံခံလေး ထိုင်နေသောဂူရှီကို ချောင်းကြည့်လိုက်သည်။ ရုတ်တရက် နည်းနည်းမနာလိုချင်သလိုတောင် ဖြစ်လာရ၏။

ရုတ်တရက်ကြီး ဘာလို့ သူလည်းပဲ သမီးလေးတစ်ယောက် လိုချင်လာရတာလဲ။

..........
ကားနောက်ခန်းတွင်

အဖေရော သမီးပါ စကားတစ်ခွန်းမှမပြောပေ။

သူမက ခေါင်းကိုငုံ့လိုက်တာကြောင့် ဂူရှောင်းလက်ဘေးက စာရွက်စာတမ်းအိတ်ကို ဂူရှီ အာရုံရမိသွားသည်။

ရင်းနှီးနေသလိုပဲ။

သူမ အနည်းငယ်လောက် ထပ်စဥ်းစားကြည့်လိုက်ပြီး အမှတ်ရသွားလေသည်။ ဒါက မနေ့က လီမင်ကျောင်းအုပ် ဂူရှောင်းကို ပေးလိုက်တဲ့ သူမ၏academic workတွေ အကုန်လုံးပါတဲ့ စာရွတ်စာတမ်းအိတ်နဲ့ တော်တော်တူတယ်။

ဂူရှီက လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် ဖုန်းပြောနေတဲ့ ဂူရှောင်းကမူ သူမကိုသတိမထားမိပေ။

သူမက အရမ်းသိချင်လာသည်မို့ ဂူရှီသည် ဂူရှောင်းအာရုံများနေစဥ် ခိုးကြောင်ခိုးဝှက် လှမ်းယူပြီး အိတ်၏ထောင့်နားလေးကို ဖွင့်ကာ ဂရုတစိုက် အထဲကပါတဲ့အရာတွေကို ချောင်းကြည့်လိုက်သည်။

ထိုအရာတွေက သူမအရင်ကျောင်းမှာနေတုန်းက ရခဲ့တဲ့ဆုတွေ၊ certificateတွေနှင့် သူမပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ချိန်က စာရွက်စာတမ်းတွေ ဖြစ်သည်။ ပြီးတော့ အရင်တုန်းက သူမရေးခဲ့တဲ့ စာစီစာကုံးတွေနှင့် major homework assignmentတစ်ချို့ ဖြစ်သည်။

တစ်ချို့ကတော့ သူမ၏ဆုရစာစီစာကုံးတွေဖြစ်ပြီး တစ်ချို့က ကျောင်းက စံပြစာစီစာကုံးအဖြစ် အသုံးပြုထားသည့်အရာတွေ ဖြစ်သည်။

ဘယ်စာစီစာကုံးတွေနှင့် ဘယ်major homework assignmentတွေကို ကျောင်းကထိန်းသိမ်းထားလဲဆိုတာကို ဂူရှီ အတိတကျမသိချေ။

ဂူရှီသည် ထောင့်နားလေးကနေ လှန်ပြီးကြည့်မလို့ လုပ်နေတုန်း ဂူရှောင်းက ဖုန်းပြောပြီးသွားပြီဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now