Chapter-85

5.1K 570 7
                                    

Why did he feel that his boss had been very out of character as of late? (1)

.............
Unicode

"အရင်တုန်းက သတင်းတွေထွက်ဖူးတယ်။ အရင်ကသူမနဲ့ နတ်ဘုရားရှို့ကဒိတ်နေတာပါဆိုပြီး။ တစ်ယောက်ယောက်က သူမ ရှန်းရှို့ယန်ကို လက်ဆောင်ပစ္စည်းတွေ ပေးနေတာ မြင်ဖူးတယ်လို့ပြောတာပဲ"

"ပြီးတော့ ဂူရွှယ်အာရဲ့အချစ်ဆုံးသူငယ်ချင်းက ရှန်းရှို့ယန်ဆီ စကားပြောဖို့ သွားခဲ့တယ်တဲ့လေ။ သူဘာပြန်ပြောလိုက်သလဲကတော့ ဘယ်သူမှမသိကြဘူး"

............
အတင်းတုပ်ရာမှာ ဘယ်လိုတွေတောင် စိတ်လှုပ်ရှားနေသော တုန်မင်မင်ကို ကြည့်ကာ ဂူရှီ၏နှုတ်ခမ်းတွန့်သွားသည်။ သူမက တုန်မင်မင်၏ပုခုံးကို ပုတ်လိုက်ကာ အသက်ငယ်ငယ်လေးမှာ ဒိတ်တာက မှားတယ်ဆိုတဲ့အကြောင်းကို တုန်မင်မင်အား တကယ်ကိုပြောပြချင်နေသည်။

သို့သော် ဖြစ်ပျက်သွားတာက ဂူရှီ ထိုစကားတွေကို ထုတ်ပြောဖို့ အခွင့်ရေးတောင် မရလိုက်ခင် အဖွဲ့က သူမတို့ဘက်ကို လျှောက်လာသည်။

တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို တားလိုက်သည်။

"Hi ကျောင်းတူသူငယ်ချင်းတို့ ငါတို့က နောက်လအနုပညာပွဲတော်အတွက် အပြုံးနံရံကို လုပ်နေကြတာပါ။ ငါတို့ရဲ့goalက လူတွေ့ရဲ့ပြုံးနေတဲ့ပုံတွေကို နံရံပေါ်မှာ ပြသထားဖို့ပါ"
ကောင်မလေးတွေထဲက တစ်ယောက်က ဂူရှီနှင့် တုန်မင်မင်ကို ရှင်းပြသည်။ ထို့နောက် သူမက မေးမြန်းတော့သည်။
"ငါတို့ နင်တို့နှစ်ယောက်ပုံကို ရိုက်လို့ရမလား"

ဂူရှီနှင့် တုန်မင်မင်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ထိုအခိုက်တန့်တွင် ပစ္စည်းပစ္စတွေကို အပြီးသတ်ပြီးသွားသော ဂူရွှယ်အာသည် လျှောက်လာ၏။ ဂူရှီကို မြင်လိုက်ချိန်တွင် ဂူရွှယ်အာသည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သို့ပေမယ့် အမြန်ပင် ပြန်ဖုံးလိုက်လေသည်။

သူမက သူတို့နှစ်ယောက်အား ဖော်ဖော်ရွေရွေ ပြုံးပြလျက် ပြောလာသည်။
"ဒါက အရမ်း အရမ်းကို အဓိပ္ပါယ်ပြည့်ဝလှတဲ့activityလေးပါ။ အနုပညာပွဲတော် အဓိကကျင်းပရာနေရာရဲ့ အကြီးဆုံးနံရံရှေ့မှာ အပြုံးနံရံကို ထားပေးမှာပါ။ နင်တို့ ဒါလေးလုပ်ပေးတာကို အနုပညာပွဲတော်အတွက် ကူညီအားဖြည့်ပေးတယ်လို့ မှတ်ယူလို့ရပါတယ်"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now