Chapter-87

5K 582 10
                                    

Why did he feel that his boss had been very out of character as of late? (3)

............
Unicode

နောက်ဆုံးတော့ အခြေခံလယ်ဗယ်စာအုပ်ဖြစ်နိုင်လောက်မည့် စာအုပ်တစ်ချို့ကို သူမရှာတွေ့သွားသည်။

ကံမကောင်းစွာ စာအုပ်တွေ၏နာမည်ကို မှတ်ထားဖို့ ဂူရှီ အခွင့်ရေးမရလိုက်ခင် ဂူရှောင်း အိမ်ပြန်ရောက်လာ၏။

............
productပြဿာနာကို ပြင်ဖို့အတွက် ဂူရှောင်းသည် NTNနည်းပညာစင်တာမှာ အချိန်နည်းနည်းလောက် နေလိုက်ရသည်။ ဖြေရှင်းပြီးနောက် သူအိမ်ပြန်ရောက်သော အချိန်မှာ ည10နာရီပင်ရှိပြီဖြစ်သည်။

သူ တံခါးထဲကို ဝင်လိုက်ချင်း သူ့၏တောက်တဲ့လိုသမီးလေးဟာ သူ့စာကြည့်ခန်းအပြင်ဘက်မှာ ကပ်နေတာကို တွေ့လိုက်ရသည်။ တံခါးတစ်ဝက်ကနေ မှီထားပြီး ခေါင်းထောင်ထောင်ဖြင့် သူမသည် အထဲကတစ်ခုခုကို ချောင်းကြည့်နေသည်။

ဒီဟာလေးကို သူနဲ့သွေးသားတော်စပ်တဲ့ သူ့ရဲ့သမီးဆိုတာကို သူ မသိထားရင် ဒီကောင်မလေးကို သူခိုးလို့ သူထင်မိတော့မလို့။

"ဒီမှာ ဘာလုပ်နေတာလဲ"

သူမအနောက်က ထွက်ပေါ်လာသော ဂူရှောင်းအသံကြောင့် လန့်သွားသော ဂူရှီသည် တံခါးနားကနေ အမြန်အဝေးကို ခုန်ထွက်သွားကာ ဂူရှောင်းဘက်ကို လှည့်လိုက်သည်။

"အ..အာ.အဖေ။ အဖေ အိမ်ပြန်ရောက်ပြီပဲ"

သူခိုးကျင့်သူခိုးကြံပုံစံလေးဖြစ်နေသော ဂူရှီကို မြင်ကာ ဂူရှောင်း မျက်ခုံးပင့်ကာ မေးလေပြီ။
"ဘာတွေကြည့်နေတာလဲ"

"Mmm ဘာမှ......"
ဂူရှီသည် သူမခေါင်းကို နှိမ့်လိုက်သည်။ သူမ၏လက်တွေက ရစ်ပတ်ဆုပ်ထားပြီး အမှန်ကို နောက်ဆုံးထုတ်မပြောလိုက်ခင် အချိန်အတော်ကြာအောင် ရုန်းကန်နေလေသည်။
"အဲ့တာက သ..သမီး ကိုးကား..အာ..ကိုးယားစာအုပ်တစ်ချို့ ရှာချင်လို့ပါ"

ဂူရှောင်းက ဂူရှီ၏စကားတွေကို သံသယမဝင်ခဲ့ပါ။ သူ တံခါးကို ဝင်လိုက်တုန်းက ဂူရှီ၏မျက်လုံးတွေက စာအုပ်စင်ကို အတော်လေး ဂလူးကပ်ထားသလို ဖြစ်နေသည်အား သူတွေ့လိုက်ရ၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now