Chapter-50 Was that why she was fawning over him? (3)

5.4K 607 6
                                    

Unicode

"အဖေ"

"ဘာလဲ"

"သမီး တစ်ခုမေးလို့ရမလား"

လင်းရှီက သူ့ကို အတည်သိချင်နေသောပုံစံဖြင့် စိုက်ကြည့်နေ၏။ ထိုအရာက သူ့ကို အရင်နေ့က ကားထဲမှာ သူမမေးခဲ့တာကို ပြန်အမှတ်ရသွားစေခဲ့သည်။

ဂူရှောင်း လင်းရှီကို ဆက်ပြောဖို့ အမူရာပြလိုက်သည်။

........
"အနာဂါတ်နည်းပညာဆိုတာ ဘာလဲ"

အကြောင်းရာက သူမonlineပေါ်မှာ ကောင်းမွန်တဲ့definitionကို မရှာနိုင်သည်အထိ ကျယ်ပြန့်လွန်းလှသည်။

လင်းရှီ၏မေးခွန်းကို ကြားတော့ ဂူရှောင်း ရပ်လိုက်ပြီး မေးခွန်းတစ်ခုနှင့် ပြန်ဖြေလိုက်သည်။
"အနာဂါတ်နည်းပညာက ဘာလို့ထင်လဲ"

"အမ်.....လက်တလောမှာ မရသေးတဲ့ နည်းပညာတွေ ဒါပေမယ့် အနာဂတ်ကာလမှာ ပေါ်လာလိမ့်မယ်"
လင်းရှီ မသေချာစွာ ပြန်ဖြေလိုက်သည်။ စကားလုံး၏ တိုက်ရိုက်အဓိပ္ပါယ်ကို သူမနားလည်တယ်။ ဒါပေမယ့် conceptသဘောထားကို ကောင်းကောင်း နားမလည်ပေ။

"အဲ့လိုမျိုးကြီးရယ်လို့ မဟုတ်ဘူး"
"အနာဂါတ်နည်းပညာက နည်းပညာတစ်မျိုးပဲ။ ဒါပေမယ့် တိကျတဲ့ သိပ္ပံနဲ့ နည်းပညာပိုင်း areaတွေ မသတ်မှတ်ရသေးဘူး။ ရှင်းအောင်ပြောရရင် အနာဂါတ်development ဦးတည်ချက်တွေအပေါ် သက်ရောက်နိုင်တဲ့ ဘယ်လက်ရှိနည်းပညာမဆို အနာဂါတ်နည်းပညာအဖြစ် စဥ်းစားလို့ရတယ်။ အနာဂါတ်နည်းပညာမှာ လက်ရှိ အတွေးအခေါ်တွေ အစီစဥ်တွေအပေါ် မူတည်ပြီး နောင်မှာ ​ပေါ်ပေါက်လာနိုင်တဲ့ နည်းပညာတွေလည်း ပါတယ်"

ဂူရှောင်း၏ရှင်းပြချက်က ကျစ်လျစ်ပြည့်စုံပြီး လင်းရှီကို တိကျတဲ့ဥပမာတွေနဲ့ပါ ပြောပြလိုက်သည်။

လင်းရှီက သူ့ကို အာရုံစိုက် နားထောင်ကာ အကြိမ်ကြိမ် ခေါင်းညိမ့်နေ၏။

သူပြောတာပြီးသွားတော့ ဂူရှောင်း မျက်လုံးတွေပြူးကျယ်နေသော ကောင်မလေးကို ကြည့်ကာ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
"သဘောပေါက်ပြီလား"

"အင်း အင်း"
သူမမျက်လုံးထဲမှာ ဖုံးမရတဲ့ လေးစားမှုတွေ ရှိနေ၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီOnde histórias criam vida. Descubra agora