Chapter-17 What do you want to do with your child? (2)

5.3K 670 25
                                    

Unicode

ရှုဖေး ချက်ချင်းကြီး နေကြာစေ့စားလိုက်ရသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူကျောရိုးထဲကနေ အေးစိမ့်သွားခဲ့တယ်။ သူတို့ရဲ့ဘော့စ်က သူ့ရဲ့မကောင်းတဲ့သမိုင်းကို သိသွားလို့ သူ့ကိုရှင်းထုတ်ပစ်လောက်မလား။

သူအခုအကောင်းဆုံးလုပ်နိုင်တာက ဘာမှမကြားသလို ဟန်ဆောင်ပြီးရုတ်တရက်ပျောက်ကွယ်သွားတာပဲမလား??

........
ဒီဘက်မှာတော့ ဂူရှောင်း မျက်နှာပေါ် အံ့သြတဲ့အကြည့်ဖြစ်သွားပြီး သူရဲ့ ဖတ်ဖို့ခတ်ခဲတဲ့ အေးအေစက်စက် ပုံစံကြီးကို ပြန်ပြောင်းသွားတာမြင်တော့ လင်းရှီစိတ်လှုပ်ရှားလာခဲ့သည်။ သူမကနှုတ်ခမ်းကို ကိုက်ကာ သူ့ကိုပြောလိုက်သည်။
"သမီးက ဒီကိုငွေညစ်ဖို့ ရောက်လာတာမဟုတ်ဘူး"

ဒါပေမယ့် ကောင်မလေး အခုမင်းရဲ့အပြုအမူတွေက အသေအချာကို ငွေညစ်ဖို့ရောက်လာတာနဲ့တူတယ်လို့ ရှုဖေး တွေးလိုက်မိသည်။

ဂူရှောင်းက လင်းရှီကို အေးစက်စွာပဲ ဆက်ကြည့်နေလိုက်ကာ
"ဒါဆို မင်းက ဒါကိုဘယ်လိုခေါ်တာလဲ"

"သ..သမီးကို ပျိုးထောင်ပေးဖို့ မျှော်လင့်ရုံလေးပါ"
ထိုစကားကိုပြောပြီး လင်းရှီနောက်ထပ်ရှင်းပြလိုက်သည်။
"အကြာကြီးမဟုတ်ပါဘူး။ သမီးအသက်ပြည့်သည်အထိလေးတင်"

"သမီး ပိုက်ဆံကို လက်လွတ်စပယ် မသုံးသလို ဘာပြဿနာမှ မဖြစ်စေပါဘူး။ သမီးက ပျိုးထောင်ရတာ အရမ်းလွယ်ပါတယ်"
လင်းရှီရဲ့အကြည့်တွေက အလွန်ကိုသိမ်မွေ့နေခဲ့တယ်။

သူမအသက်မပြည့်ခင်ထိ ဘာမှအများကြီး သိပ်လုပ်လို့မရသေးဘူး။ ပြီးတော့ သူမသာ အရင်မိသားစုမှာ နေနေမယ်ဆိုရင် ဝတ္ထုထဲက သူမဆီမှာ ဖြစ်ခဲ့တဲ့အရာတွေက ဆက်ဖြစ်နေလိမ့်မယ်။ နောက်ပြီး ထူးဆန်းတဲ့အိပ်မက်ကလည်း ရှိသေးတယ်။ နောက်ဆုံးမှာ လင်းရိဇယ်ပေါ်လာတဲ့ အပိုင်းက သူမကိုစိတ်အနှောင့်ယှက် ပေးနေတယ်။

လင်းရှီက အစောင့်ရှောက်တစ်ယောက်လောက် လိုချင်တာ။

ဂူရှောင်းက စကားတစ်ခွန်းတောင် မပြောခဲ့ဘူး။ သူ့အကြည့်က တစ်ယောက်ယောက်ကို ဖိအားပေးနိုင်သည်အထိ တည်ငြိမ်နေခဲ့သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWo Geschichten leben. Entdecke jetzt