Chapter-94

5K 624 15
                                    

Gu Xi heard the name "Liming" but she didn't pay it too much attention. (2)

..............
Unicode

ကျောင်းအုပ်က ပြိုင်ပွဲနှင့်ပတ်သတ်၍ သတင်းအချက်လက်တွေကို ပိုပြီး ပြောပြလေသည်။
"အခုဟာက မင်းတို့တွေထဲက တစ်ချို့အတွက် ပထမဆုံးအကြိမ်ဆိုတော့ ငါဒီနေရာမှာပဲ သတိပေးလိုက်မယ်။ ပြိုင်ပွဲက သောကြာနေ့မှာ စမှာ။ ပိတ်ရက်အထိ ရောက်သွားမှာ။ စုစုပေါင်း သုံးရက်ကြာလိမ့်မယ်။ ကျောင်းက သွားရေးလာရေးနဲ့ အခန်းကို ပြင်ဆင်ပေးလိမ့်မယ်။ မင်းတို့မိဘတွေကို အသိပေးဖို့ မမေ့ကြနဲ့နော်......"

...........
ထိုနေ့ည ဂူရှီ အိမ်ပြန်လာပြီးနောက် ဂူရှောင်းကို ပူးတွဲပြိုင်ပွဲအကြောင်းကို ပြောပြလေသည်။

"......, ဒါကြောင့် သမီးသုံးရက်လောက် သွားရမယ်"

ထိုအကြောင်းရာကို ကြားပြီးသည်နှင့် ဂူရှောင်း ခေါင်းညိမ့်ကာ ပြောသည်။
"ကောင်းပြီလေ"

ဂူရှောင်းသည် ဂူရှီ ပြိုင်ပွဲမှာပါမည့်အကြောင်းကို သိပြီးသားဖြစ်သည်။ –ကျောင်းက ဒါရိုက်တာကျိုးသည် သူအစည်းဝေးထဲ ရောက်နေသည့်အချိန် နေ့လည်က ဖုန်းခေါ်ပြီး သူ့ကို သတင်းပေးပြီးပြီဖြစ်၏။

ဂူရှီသည် ငေးတေးတေးဖြစ်သွားရသည်။ သူမက ဂူရှောင်းကို ကြည့်လျက်: ဒါပဲလား။ သူပြောချင်တာ ဘာမှမရှိတော့ဘူးလား။

တစ်ဖက်က ဂူရှောင်းသည် စာရွက်စာတမ်းကနေ မော့ကြည့်လိုက်သည်။ ဂူရှီသည် ထိုနေရာ၌သာ ရှိနေသေးပြီး ခေါင်းကိုငုံ့ထားကာ အခက်တွေ့ပုံရသည်ကို မြင်တွေ့လိုက်ရသည်။ သူမမျက်လုံးထဲမှာ စိတ်ပျက်သွားမှု အရိပ်ယောင်လေးတွေ ရှိနေသလားလို့?

"အပြင်ရောက်နေရင် ကိုယ်ရဲ့လုံခြုံရေးကို သတိထားနေ။ ပြီးတော့ ဆရာမတွေစကားကို နားထောင်။ တစ်ယောက်တည်း လျှောက်မသွားနဲ့။ ပြဿနာကြုံရင် ဆရာမတွေကိုပြော မဟုတ်ရင် အိမ်ကိုဖုန်းဆက်လိုက်"

သူမ ဂူရှောင်းစကားကို ကြားလိုက်ချိန်တွင် နောက်ဆုံး ဂူရှီသည် အပြုံးပန်းကြီး ပွင့်လာရသည်။
"အိုကေ သမီးလုပ်ပါ့မယ်။ စိတ်မပူပါနဲ့ အဖေ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now