Chapter-96

5.1K 671 25
                                    

Gu Xi heard the name "Liming" but she didn't pay it too much attention. (4)

..........
Unicode

message ကိုတွေ့လိုက်ရသော ဂူယန်ရှောင်းသည် မခံမရပ်နိုင်ဖြင့် အံကြိတ်လိုက်လေ၏။ သူလည်းပဲ စာရင်းတင်သွင်းချင်ခဲ့သည်။ ဒါပေမယ့် ဂူချန်းရီက လက်ဦးသွားသည်။

သိုသော်  သူ့၏မခံမရပ်ဖြစ်မှုက ခဏတာပင်ဖြစ်သည်။ ဂူယန်ရှောင်းက အချိန်ကိုကြည့်လိုက်ကာ ဂူချန်းရီဆီ private messageမပို့ခင် နှစ်မိနစ်လိုက်စောင့်လိုက်သည်။
[မင်း group မှားပို့လိုက်ပြီ]

.........
"ဘာလဲ"
ပြောချင်တာကို သဘောမပေါက်ခင်အထိ ဂူချန်းရီသည် ဂူယန်ရှောင်းဆီက messageကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

"Oh shit! သွားပြီ"
သူ chat group မှားပြီး တင်လိုက်မိပြီ။

သူက ဒုတိယဦလေးမပါတဲ့ [ပျော်ရွှင်စရာမိသားစုတစ်ခု] မှာ တင်ဖို့ ရည်ရွယ်ထားတာဖြစ်သည်။ သို့သော် သူလက်ချော်ပြီး ဂူရှောင်းပါသော [ပျော်ရွင်စရာမိသားစုကြီး] တွင် တင်မိသွားသည်။

ထို့အပြင် အန်ကယ်ကြီးနှင့် သူ့အဖေကို အသီးသီးချန်လှပ်ထားသော [မိသားစုအပျော်ကို ဖန်တီးခြင်း] နှင့် [ပျော်ရွှင်စရာကလန်ကြီး] တို့လည်း ရှိသေးသည်။ သခင်ကြီးဂူက ဒါတွေအကုန်လုံးကို နာမည်ပေးခဲ့သောသူဖြစ်သည်။

သူ့အဖိုးက နာမည်တွေကို အရမ်းဆင်တူအောင် ဘာလို့ပေးထားသလဲဆိုတာကို ဂူချန်းရီမသိပေ။ သူ့သားတစ်ယောက်အကြောင်း နောက်ကွယ်မှာ မကောင်းကြောင်းပြောနေစဥ် groupမှားပို့မိမှာကို သူစိတ်မပူဘူးလား။

အခု နှစ်မိနစ်လောက် ကုန်သွားပြီ။ သူ့messageကို ဖြတ်ပစ်ဖို့က အရမ်းနောက်ကျသွားလေပြီ။

သို့ကြောင့် ဂူချန်းရီသည် သူ့ဒုတိယဦးလေးဆီမှ ပထမဆုံးprivate message ကို ရလိုက်သည်။

[ပြဿနာမဖြစ်စေနဲ့ မင်းတို့နှစ်ယောက်]

ရိုးရှင်းလှသည့် စာကြောင်းလေးဖြစ်ပေမယ့် ဖုန်း၏အခြားတစ်ဖက်က ခြိမ်းခြောက်မှုတွေကို ဂူချန်းရီ ခံစားလို့ရသည်။

[ဟုတ်ကဲ့ ဒုတိယဦးလေး ကျွန်တော် ရှီရှီကို စောင့်ကြည့်ထားပါ့မယ်]

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now