Chapter-105 "Equipment testing" said Gu Shao in all seriousness. (1)

5.3K 618 17
                                    

Unicode

"ကားရောက်နေပြီ။ သွားဖို့အချိန်ကြပြီ"
ပြတင်းပေါက်နားလေးက ခုံက တကယ်ကို ကားလာသည်နှင့် ချက်ချင်းမြင်ရသည်။

အုပ်စုသည် ထွက်ခွာသွားကြ၏။

............
ဒီနေ့၏ ပထမဆုံးပြိုင်ပွဲက သင်္ချာဖြစ်သည်။ ပြိုင်ရမည့်သူတွေက ဂူရှီ၊ ဂူချန်းရီနှင့် ရှန်းရှို့ယန်ဖြစ်သည်။

"အကြမ်းစာရွက်တွေနှင့် ဘောပင်ယူလာတယ်မလား"
စိတ်ပူလျက် ဂူရှီသည် သူတို့ကားပေါ်မတက်ခင် ဂူချန်းရီကို နောက်တစ်ကြိမ်မေးလိုက်သည်။

"အင်း ယူလာတယ်"

ရှီရှီ သူ့ကို ဘယ်လောက်တောင် စိတ်ပူနေတာလဲ။

ဂူချန်းရီတွေးလိုက်၏။ –ဒါတွေက သူ့အမှားပဲ။ သူတို့ရဲ့ဒုတိယတွေ့ဆုံခြင်းမှာ သူအရမ်းဖြစ်ကတက်ဆန်းနိုင်သွားတယ်။

ဂူချန်းရီ၏ပုံစံလေးကို သူမ မြင်တော့ ဂူရှီ မပြုံးပဲမနေနိုင်ပေ။ သူမက သူ့ပုခုံးကို ပုတ်ကာ ပြောလေသည်။
"Good luck"

"စိတ်မပူနဲ့"
ဂူချန်းရီက အတည်ပေါက်အကြည့်နှင့် ပြန်ဖြေသည်။

သူက ဒီပြိုင်ပွဲကို ရှီရှီ၏နှစ်သက်မှုရရန်သာ ဝင်ပြိုင်တာဖြစ်သည်။ ပုစ္ဆာတွက်ရတာတွေ ဘာတွေညာတွေကို သူ ဂရုမစိုက်ပေ။

သူ့မူလအစီစဥ်က စာမေးပွဲကို ပုံမှန်ပဲဖြေသွားဖို့ဖြစ်သည်။ သို့သော် အခု သူကအတည်ပေါက်ဖြစ်နေသည်။

အဖိနှိပ်ခံရတယ်ဆိုတာ ဘာလဲဆိုသည်ကို လီမင်က ချီးဦးနှောက်နှစ်ကောင်ကို သူ နားလည်သွားစေချင်သည်။

ထို့သို့ပြောပြီး ဂူချန်းရီသည် ရှန်းရှို့ယန်ကို ကြည့်လိုက်သည်။
"မင်းရောပဲ ကောင်းကောင်းလုပ်" ငါတို့ရှီရှီလေးကို ဆွဲမချနဲ့။

ရှန်းရှို့ယန်,"ခြိမ်းခြောက်နေတာလား"

ဂူချန်းရီ,"မဟုတ်ဘူး။ အားမြောက်ပေးနေတာ"

ရှန်းရှို့ယန်: ဪ ဟုတ်ပါပြီ။

...........
ပြိုင်ပွဲ၏ပထမဆုံးပွဲစဥ်က သင်္ချာဖြစ်သည်။
ဂူရှီ၊ ဂူချန်းရီနှင့် ရှန်းရှို့ယန်သည် ခန်းမထဲသို့ ဝင်လာ၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now